Christmas with you (Chaelisa)

795 101 5
                                    

#Unicode

"ရှူးတိုးတိုး Baby Hankနဲ့ Louis ..Mommyကို ကောင်းကောင်း အိပ်ခိုင်းလိုက်ပါ သူ့ soloအတွက် ကြိုးစားနေတာ သူ ကောင်းကောင်းမအိပ်ရသေးဘူး..."

ဧည့်ခန်းထဲ ပြေးလွှား ဆော့ကစားနေတဲ့ Hankနဲ့ Louisကို Lisa ဆူလိုက်သည်

Lisaမှာ ခရစ်စမတ်သစ်ပင်ကို အလှဆင်နေသည်

Chaeyoungကတော့ မနက် ၁နာရီကျော်မှ Studio ကနေ ပြန်ရောက်လာပြီး အခန်းထဲ အိပ်ပျော်နေသည်

"Louis. ..Hankရဲ့ ဦးထုပ်ကို မလုနဲ့လေ  အသစ်ဝယ်ပေးမယ် သူများဟာ လိုက်မလုနဲ့ "

Hankရဲ့ ခေါင်းပေါ်က Lisa ဝယ်ပေးထားတဲ့ ဦးထုပ်ကို Louisက လက်နဲ့ လိုက်ပုတ်ကာ ဖယ်နေသည်

ဝုတ်ဝုတ်

Lisa ပြောတာကို Hankက ထောက်ခံတဲ့အနေနဲ့  အမြှီးယမ်းပြသည်

Louisကတော့ အဆူခံရတာကို မကျေနပ်တဲ့ပုံနဲ့ Leoတို့ဆီ ထွက်သွားသည်

Lisa ကတော့ Louisတို့ကို ကြည့်ပြီး ခေါင်းခါမိသည်

ခရစ်စမတ် သစ်ပင် အလှဆင်ပြီးနောက် Lisa မှာ Chaeyoungအတွက် မနက်စာ ပြင်ပေးဖို့ မီးဖိုခန်းထဲ ဝင်သွားသည်

Chaeyoungကတော့ အခန်းထဲ အိပ်လို့ကောင်းတုံး ရှိသေးသည်

Lisaမှာ Chaeyoung အတွက် မနက်စာ ပြင်ပြီးနောက် Louisတို့ ကြောင်လေးကောင်ကို မနက်စာ ကျွေးပြီး Hankကိုလည်း ခွေးစာကျွေးလေသည်

ထို့နောက် သူမကိုယ်တိုင် Santa ဝတ်စုံဝတ်ပြီး Louisတို့ကိုပါ ဆန်တာ ဝတ်စုံလေး ဝတ်ပေးလေသည်

"ကဲ Mommyကို နှိုးဖို့ အချိန်ရောက်ပြီ ရှေ့တန်းတိုက်စစ်မှူး Mommy အချစ်တော် Hankနဲ့ Louis က အခန်းထဲ အရင်ဝင်မယ် ..... "

Lisa အခန်းတံခါးဖွင့်ပြီး သူ့ကလေးတွေကို ပြောလိုက်သည်

"ဝုတ်ဝုတ် "

Lisa စကားလည်း ဆုံးရော Hankမှာ အမြီးနှံ့ပြပြီး အခန်းထဲ ပြေးဝင်သွားသည်

ကုတင်ပေါ်ကိုတက်ပြီး ဟောင်ရင်း Chaeyoungကို နှိုးလေသည်

"Louis. .သွားလေ go go Mommyကို သွားနှိုး Lily Leo Lucaနင်တို့ ပေကပ်ကပ်လုပ်နေရင် ငါ နေ့လည်စာ မကျွေးဘူးနော်"

Blackpink One ShotWhere stories live. Discover now