Candy - Final (Lisoo)

561 78 3
                                    

#unicode

Jisoo အလုပ်လုပ်ရင်း ဇက်ကြောတက်လာလို့ ခဏ နားနေရင်း မနက်က Lisa ဆိုတဲ့ ကောင်မလေး သူမကို ချိုချဥ်ဘူးလေး ပေးသွားတာကို သတိရသွားသည်

"မ အားတဲ့အခါကျ ချိုချဥ်ဘူးတဲ့ ဝှက်ထားတဲ့ အရာတစ်ခု ရှာကြည့်ပေးပါတဲ့ ဘာများလည်းမသိဘူး "

Lisa ပြောတဲ့စကားကို Jisoo သတိရသွားပြီး အိတ်ထဲက ချိုချဥ်ဘူးလေးကို ထုတ်လိုက်သည်

ဘူးထဲက ချိုချဥ်တွေ စားပွဲခုံပေါ် သွန်ချပြီးနောက် Jisooတစ်ယောက် ချိုချဥ်လေးတွေကို မွှေနှောက်ကြည့်ရင်း ကြောင်ရုပ်လေးနဲ့ memory stick လေး တစ်ခုကို Jisoo တွေ့လိုက်ရသည်

Jisooလည်း ထို stickလေးကို ယူပြီး Laptopတွင် ထိုးတပ်လိုက်သည်

ထို့နောက် ချိုချဥ်တစ်လုံးဖောက်စားပြီးနောက် Click တစ်ချက်နှိပ်လိုက်သောအခါ

"Hello..... အရင်ဆုံး ကျွန်တော် ဘယ်သူလည်းဆိုတာ မ သိချင်နေမှာပေါ့ ကိုယ့်ကိုကိုယ် အရင် မိတ်ဆက်ပေးမယ်နော် ကျွန်တော့်နာမည်က Lisa Manoban ထိုင်းလူမျိုးပါ March လ 27ရက် 1997 ခုနှစ်မှာ မွေးတာပါ လက်ရှိ ကျွန်တော် ကျောင်းပြီးလို့ အနုပညာလောကထဲ ဝင်ချင်လို့ အနုပညာသင်တန်းတက်နေပါတယ်...."

"Ha ချစ်စရာလေးဘဲ "

Jisooမှာ သူ့အကြောင်းကို နှုတ်ခမ်းတထော်ထော်နဲ့ ပြောပြနေတဲ့ Screenပေါ်က ကောင်မလေးကို မေးထောက်ရင်း စိုက်ကြည့်နေသည်

"ဒီလောက်ဆို ကျွန်တော့်အကြောင်း သိလောက်ရောပေါ့ ဒါဆို မကို ကျွန်တော် ဘာလို့ နေ့တိုင်း ချိုချဥ်ပေးရလည်းဆိုတာ သိချင်နေမှာပေါ့....ဘာလို့လည်းဆိုတော့ကား "

စကားပြောရင်း သူမမေးစေ့လေးကို ပွတ်ကာ စဥ်းစားဟန်ဆောင်နေတဲ့ Lisa ကို ကြည့်ရင်း Jisoo ပြုံးမိသွားသည်

"ဒီလိုဗျာ ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းတို့ သင်တန်းက ဆင်းတော့ မ တို့ companyနဲ့ မျက်နှာချင်းဆိုင်က Coffeeဆိုင်မှာ မုန့်စားနေကြတာပေါ့ အဲ့ဒီမှာ မနဲ့ မရဲ့ သူငယ်ချင်း စကားပြောနေတာတွေ့ပြီး သဘောကျသွားတာပါ အဲ့မှာ မမျှော်လင့်ဘဲ မရဲ့ နာမည်နဲ့ အလုပ်အကိုင်သိပြီး နောက်မှာတော့ မကို လိုက်ဖို့ ကျွန်တော် အကြံဥာဏ်ထုတ်ရတာပေါ့ ဒီတော့ဗျာ မဆီက Attention ရဖို့ နေ့တိုင်း ကားတားပြီး ချိုချဥ်ပေးမယ်ဆိုပြီး စဥ်းစားမိသွားတယ် ဒါကြောင့်မို့ မကို ကျွန်တော် နေ့တိုင်း ချိုချဥ်ပေးတာ....Jisoo Unnie. ...မကို ကျွန်တော် ချစ်တယ်....ကျွန်တော့်ကို စဥ်းစားပေးပါ နောက်တစ်ပတ်ကျ အဖြေလာတောင်းမယ်နော် Saranghae Jisoo Unnie ဒါနဲ့ ကျွန်တော် တစ်ပတ်ပျောက်မယ်နော် ထိုင်းက အမေ နေမကောင်းလို့ သွားတွေ့မလို့ပါ အဲ့အချိန်တွင်း သေချာစဥ်းစားထားပေးပါနော် See ya! "

Blackpink One ShotWhere stories live. Discover now