Wish I Were (Lisoo)

972 92 5
                                    

#Unicode

December 3ရက်နေ့......

Chaeyoungတစ်ယောက် သူမအမေနဲ့ ရန်ဖြစ်ပြီး ကျောင်းကို စောစောထွက်လာခဲ့သည်

အမေရဲ့ ပူညံပူညံတွေ မကြားချင်လို့ ကျောင်းဝတ်စုံဝတ်ပြီးတာနဲ့ အမြန် အိမ်ကနေ ထွက်လာခဲ့တာ အနွေးထည်ဝတ်ဖို့တွေ့ မေ့လာခဲ့သည်

ဒီဇင်ဘာလမို့ နှင်းတွေဝေပြီး ရာသီဥတုက အေးစိမ့်နေသည်

"Ash ချမ်းတာ......"

Chaeyoung ချမ်းလွန်းလို့ သူ့လက်နှစ်ဖက်ကို ပွတ်ရင်း ကျောင်းသို့ ထွက်လာခဲ့သည်

ကျောင်းသို့ရောက်သောအခါ Chaeyoung  မနက်စာမစားရသေးလို့ ကန်တင်းတွင် မနက်စာဝင်စားနေသည်

ထိုစဥ် သူမ ခန္ဓာကိုယ်ပေါ်သို့ ဆွယ်တာ တစ်ထည်ကို တစ်စုံတစ်ယောက်က လာခြုံပေးလို့ မော့ကြည့်သောအခါ

"Soo. ...."

"အရူးမလေး ဒီလောက်အေးနေတာကို ဘာလို့ အနွေးထည် ဝတ်မလာတာလည်း "

Chaeyoungရဲ့ သူငယ်ချင်း ဖြစ်သူ Jisooမှာ
Chaeyoungကို သူမရဲ့ဆွယ်တာ ခြုံပေးပြီး chaeyoung  ဘေးနား ဝင်ထိုင်လိုက်သည်

"အိမ်နဲ့ လာရန်ပြီး အမြန်ထွက်လာခဲ့တာ အနွေးထည် ဝတ်ဖို့မေ့သွားတာ ဟီး "

"ဖြစ်ရမယ် တော်သေးတာပေါ့ ငါဆွယ်တာ နှစ်ထပ်ဝတ်လာလို့..... မဟုတ်ရင် နင်ဖျားမလား မသိ အခုတောင် ချမ်းလွန်းလို့ အသားတွေတုန်နေတယ်မလား "

"ဟီးဟိီး ကျေးဇူးတင်ပါတယ် Soo "

"Coffee ပူပူလေးသောက်လိုက် အချမ်းပြေသွားလိမ့်မယ်ထင်တယ်...ခဏ.... "

Jisooပြောပြီး ကော်ဖီဆိုင်ဘက်သို့ ထွက်သွားတယ်

ငါးမိနစ်ကြာတော့ ကော်ဖီ နှစ်ဗူးနဲ့ ရောက်လာသည်

"ရော့......ပူတုံးလေး အမြန်သောက်လိုက် ခန္ဓာကိုယ် နွေးသွားလိမ့်မယ်....."

"Gomawo Soo. ..."

Jisooရဲ့ လက်ထဲက ကော်ဖီဗူးကို ယူပြီး chaeyoung သောက်လိုက်သည်

Chaeyoung ကော်ဖီသောက်နေတဲ့ပုံက ချစ်ဖို့ ကောင်းလို့ Jisoo ရွှတ်ခနဲ Chaeyoung ရဲ့ ပါးလေးကို နမ်းလိုက်သည်

Blackpink One ShotWhere stories live. Discover now