မုန်းလိုက်တာလို့ ပြောမထွက်နိုင်လောက်
အောင်အထိ ချစ်မိခဲ့သည်။++++++++++++++++
ပုလင်းအလွတ်များစွာက ထောင်လျက်သားရော လဲကျလျက်သားရော စားပွဲပေါ်မှာ
ရှုပ်လို့....
ဆေးလိပ်ပြာတွေ
ဆေးလိပ်တိုအပိုင်းအစတွေကလည်း
အနှံ့အပြား...ပြန့်ကျဲနေတယ်....အလုံပိတ်အခန်းထဲ
လေအေးပေးစက်ကြောင့် လေထုက အောက်သိုးသိုးအနံ့ကလှိုင်နေတယ်...ဖော့စတွေထွက်နေတဲ့ ဆိုဖာပေါ်မှာ
အပေါ်ပိုင်းအဝတ်ဗလာနဲ့လူတစ်ယောက်က
လှဲနေတယ်...သောက်လက်စအရက်ခွက်ကို
မကိုင်နိုင်တော့တဲ့အထိ ထိုလူက မူးနေပြီး
ဗလုံးဗထွးနဲ့ ပါးစပ်က တတွတ်တွတ်ရေရွတ်နေသည်...အခန်းတံခါးချပ်ပွင့်လာပြီးတဲ့နောက်
ဝင်ရောက်လာတဲ့လူက ချက်ခြင်းပဲ
နှာခေါင်းကို လက်နဲ့အုပ်ရင်း
ပြတင်းပေါက်တွေကို ပြေးဖွင့်သည်။' အရက်နံ့တွေရော ဆေးလိပ်နံ့တွေရော
မွှန်ထူနေတာပဲ!'အပြင်လေဝင်လာမှ အသက်အောင့်ထားတာကို လေမှုတ်ထုတ်ပြီးမှ
စကားပြောနိုင်တော့သည်'Jongin ထ!'
ဆိုဖာပေါ်မှာ အိပ်နေတဲ့ Jonginကို
ခပ်ဆတ်ဆတ်ကလေးရိုက်ကာ နှိုးတော့
မျက်ဝန်းတို့က ဖြေးလေးစွာပွင့်လာသည်
နောက် နှုတ်ခမ်းလေးတွန့်သည်ဆိုရုံ လှုပ်ရှားပြီး မျက်ဝန်းတို့က ပြန်မှိတ်ကျသွားသည်
အရည်ကြည်ကြည်ကလည်း တစ်ပြိုင်နက်
စီးကျလာသည်..တစ်ခဏလေး မြင်လိုက်ရတဲ့ မျက်ဝန်းညိုတွေမှာ အရောင်စုံသော ကြေကွဲမှု အပိုင်းအစတွေနဲ့........
အထင်ရှား အသိသာဆုံးသော နာကျင်ခြင်းအငွေ့အသက်တွေ...."ဟက်! Suho hyung "
မျှော်လင့်နေပါသောသူမဟုတ်သဖြင့်
စိတ်ထဲ ဝမ်းနည်းခြင်းက လှိုက်ကာတတ်၍
မျက်ရည်တွေအဖြစ်လျှံကျသည်...
YOU ARE READING
More Than
Fanfictionကိုယ်တို့ တစ်ယောက်ကို တစ်ယောက်ချစ်ကြတယ်.... ပျော်ရွှင်ခြင်း....ဝမ်းနည်းခြင်း... မြတ်နိုးခြင်း...ရယူလိုခြင်း... ပေးဆပ်ခြင်း....မျှဝေခြင်း... တစ်ယူသန်ခြင်း...သဝန်တိုခြင်း... နားလည်ခြင်း ...စတဲ့.... လူသားဆန်တဲ့ ချစ်ခြင်...