အပိုင်​း (၄)

Start from the beginning
                                    

တစ်​တန်​းဝင်​တစ်​တန်​းထွက်​ လှည်​့ပတ်​ကြည်​့​နေရင်​းမှှ တစ်​​နေရာအ​ရောက်​မှာ​တော့ တစ်​စုံတစ်​ခုကသူ့အာရုံကိုဖမ်​းစားသွားခဲ့သည်​။

တစ်​​တောင်​​လောက်​ပဲရှိမည်​့ အရုပ်​​လေးတစ်​ရုပ်​။အကျႌအနီနှင်​့ ဂျင်​း​ဘောင်​းဘီအဖြူ​လေးဝတ်​ထား​သော က​လေး​ကောင်​​လေးက နှင်​းဆီဝါတစ်​ပွင်​့ကို ကမ်​း​ပေးရင်​းအားပါးတရပြုံး​နေသည်​့ ချစ်​စရာအစာသွပ်​အရုပ်​က​လေးဖြစ်​သည်​။

အ​ကြောင်​းအရင်​းမရှိပါပဲ ထိုအရုပ်​​လေးကိုသူသ​ဘောကျမိသည်​။​ဈေးများ​သော်​လည်​း မတွန်​့တိုပဲ သူဝယ်​ဖြစ်​သွားသည်​။အမ်​ဒီပတ်​ မှက​လေးဆန်​လွန်​းသည်​ဟု ​ပြောချင်​လည်​း ​ပြောပါ​စေ​တော့။

​မွေး​နေ့ပွဲကို​ရောက်​​တော့ သူကလွဲလျှင်​ ဝန်​ထမ်​းအ​တော်​များများ ​ရောက်​ရှိ​နေပြီးဖြစ်​သည်​။ခြံထဲရှိလမ်​းအတိုင်​း​လျှောက်​လာ​တော့ မလှမ်​းမကမ်​းတွင်​ လူအချို့နှင်​့ စကားလက်​စုံကျ​နေ​သော အမ်​ဒီ့ကိုလှမ်​းမြင်​လိုက်​ရသည်​။စကား​ပြော​နေရင်​းမှ သူ့ကိုမြင်​သွား​​တော့ အမ်​ဒီကစကားဝိုင်​းမှ ထလာကာသူ့ဆီ​လှျှောက်​လာသည်​။

ရုတ်​တရက်​ အမ်​ဒီကသူ့ဆီ​လျှောက်​လာ​တာမြင်​​တော့ ဂျုံးဂု ​ခြေလှမ်​း​တွေပင်​မှားချင်​သွားသည်​။သူ့ဆီကို တစ်​လှမ်​းချင်​း​လျှောက်​လာ​သော အမ်​ဒီပတ်​သည်​ ည​နေ​မှောင်​ရီပျိုးစအချိန်​တွင်​ အဖြူ​ရောင်​ဝတ်​စုံပြည်​့နှင်​့ ကျက်​သ​ရေရှိလွန်​း​နေသည်​။​သေချာဖြီးသင်​ထား​သော လိ​မေ္မာ်​​ရောင်​ဆံပင်​​တွေသည်​လည်​း ​ရောင်​စုံမီး​ရောင်​​တွေ​အောက်​မှာ လှလွန်​းတာထက်​ကိုပို​နေသည်​။သူ့ဆီလာ​နေတဲ့လမ်​းတစ်​​လျှောက်​ နှုတ်​ဆက်​လာသမျှလူ​တွေကို ပြန်​ပြုံးပြ​နေသမျှဟာလည်​း သူ့ရင်​ကိုတစ်​မျိုးတမည်​လှုပ်​ရှား​စေသည်​။

အမ်​ဒီပတ်​ ကသူ့ရင်​ကို တစ်​ကယ်​ပဲ ဖမ်​းစား​နေပြီလား....

အမ်​ဒီပတ်​ သူ့ဆီကိုတစ်​လှမ်​းနီးကပ်​လာ​လေ သူ့ရင်​ခုန်​သံ​တွေမြန်​ဆန်​လာ​လေဖြစ်​သည်​။

Plot Twist (COMPLETE)Where stories live. Discover now