အခန်း(၁၀)(ဂ)

Start from the beginning
                                    

"ထျန်းယျန်....ကျွန်တော့်ကို တကယ် ခေါ်မသွားချင်လို့လားဟင်''

ဂျီယီဟာ လက်မလျှော့ဘဲ နောက်ထပ်တစ်ဖန် ထပ်မေးလိုက်ပြန်တယ် ။

"ကိုယ်တို့ ဒီကိစ္စကို နောက်ထပ် ပြန်မပြောကြေး....''

ထျန်းယျန်မျက်နှာပေါ်က အပြုံးတွေပျောက်ကွယ်သွားပြီ ။

"ဒါက ကိုယ်တို့ အမြဲခွဲနေရမှာမှ မဟုတ်တာ....

ခဏပဲကြာမှာ....ကိုယ်ချက်ချင်း ပြန်လာမှာပါ...

မင်းစိတ်မပူရအောင် မြန်နိုင်သမျှမြန်မြန် ပြန်လာမှာပါ....

ဟုတ်ပြီလား....?''

"မဖြစ်နိုင်တာ...... ''

ဂျီယီဟာ ထျန်းယျန်ရင်ခွင်ထဲ တိုးဝင်လိုက်ရင်း ပြောလိုက်တယ်။
ပြီးတော့ ထျန်းယျန်ရဲ့ကိုယ်သင်းရနံ့ကို ရှူ ရှိုက်နေတယ် ။
ဟုတ်တယ်...... ထျန်းယျန်ရဲ့ ဒီအနံ့ဟာ သူအကြိုက်ဆုံးပဲ ။

"အစ်ကို ဒီက စထွက်သွားတာနဲ့ ကျွန်တော့် စလွမ်းတော့မှာ...

ပြီးတော့ နေ့တိုင်း အစ်ကို့အကြောင်းကိုပဲ စဉ်းစားနေတော့မှာ....''

ဒီစကားတွေကို ပြောရတာ ဂျီယီအတွက်တော့
အရှက်သည်းစရာတွေ ဖြစ်နေပြီ ။
သူ့မျက်နှာတစ်ခုလုံးကို ထျန်းယျန်ရင်ခွင်ထဲ နှစ်မြှပ်ထားတာကြောင့်
ထျန်းယျန်ကတော့ သူ့မျက်နှာ အရှက်သည်းနေတာကို
မမြင်တော့ဘူးပေါ့...။
ဒါပေမယ့်လည်း မိန်းကလေးတစ်ယောက်လို
အရှက်အကြောက်ကြီးတဲ့ သူ့အမူအရာတွေကြောင့်
စကားအများကြီးပြောစရာ မလိုဘဲ ထျန်းယျန်နားလည်လိုက်ပါတယ်။
ထျန်းယျန်ဟာ ကူရာမဲ့နေသူလို ဖြစ်နေပေမယ့်
နှလုံးသားတစ်ခုလုံးကတော့ နွေးထွေးနေတော့တယ် ။

"ရှောင်ယီ...... !''

ထျန်းယျန်ဟာ ဂျီယီမျက်နှာလေးကို ပင့်မော့စေလိုက်ပြီး
ခပ်ဖွဖွလေး ညင်ညင်သာသာ နမ်းလိုက်ပါတယ် ။

"ကိုယ်လည်း မင်းကို လွမ်းနေမှာ....

တကယ်ပါ....တကယ်လွမ်းနေတော့မှာ...''

"ပြီးရင်ကော.....''

ဂျီယီဟာ မျှော်လင့်တကြီးနဲ့ ထျန်းယျန်ကို စိုက်ကြည့်နေတယ် ။

ဟန်ဆောင်သတို့သမီး(Myanmar translation)Where stories live. Discover now