အပိုင်း (၁)

Start from the beginning
                                    

' အဲ့တာက......'

အနည်းငယ်ပြောရခက်နေပုံရသော စီနီယာကြောင့် သူ့သိလိုစိတ်တွေ ပိုပြီးပြင်းပြလာသည်။

' ဘာဖြစ်လို့လဲဗျ '

' သူအလုပ်ထွက်သွားတာမဟုတ်ဘူး။အလုပ်ထုတ်ပစ်ခံရတာ '

'အလုပ်ထုတ်ပစ်ခံရတယ်...ဘယ်သူထုတ်တာလဲ...ဟို...အမ်ဒီပတ် ကထုတ်တာလား '

' အင်း...'

' ဘာဖြစ်လို့ ထုတ်လိုက်တာလဲ '

' အဲ့တာကတော့ အမ်ဒီပတ် အပြင် တခြားဘယ်သူမှမသိနိုင်တဲ့ အကြောင်းအရာပဲ '

ဝန်ထမ်းတစ်ယောက်အား အကြောင်းရင်းခိုင်ခိုင်လုံလုံမပြဘဲ အလုပ်ထုတ်ပစ်နိုင်သော ထိုအမ်ဒီ ရဲ့လက်အောက်မှာ အလုပ်လုပ်ရမည်က သိပ်တော့ ချောင်မည်မဟုတ်။အစကတည်းကစ ဒီလိုလက်ထောက်နေရာမျိုး မလုပ်ချင်သူပီပီ သူအခုကတည်းကပင် နည်းနည်း စိတ်ပျက်ချင်သလိုဖြစ်လာသည်။

' လုပ်ကြည့်ပါကွ။ငါတို့ဌာနက နည်းနည်းတော့ စည်းကမ်းတင်းကြပ်ပေမယ့် ပျော်ဖို့ကောင်းပါတယ်။နောက်ပြီး အမ်ဒီပတ် ရဲ့ လက်ထောက်ကလည်း မင်းတစ်ယောက်တည်းမဟုတ်ဘူး။ဟိုဘက်မှာ မီယောင်း နဲ့ ရှင်းဟယ် လည်းရှိသေးတယ် '

ထိုစီနီယာညွှန်ပြရာ ဘေးစားပွဲဆီ လှမ်းကြည့်မိတော့ ဆံပင်ရှည်ရှည်တွေကို ပိုနီတေးလ်ခပ်မြင့်မြင့်ချည်ထားသည့် အမျိုးသမီးတစ်ယောက်နှင့် ဆံပင်ပုခုံးလောက်ကို ဒီတိုင်းချထားသော အမျိုးသမီးတစ်ယောက်က သူ့ကိုနှုတ်ဆက်သလို ပြုံးပြနေကြ၍ သူပြန်ပြုံးပြလိုက်ရသည်။

ဘာပဲပြောပြော သူတစ်ယောက်တည်းမဟုတ်ဘူးဆို၍ နည်းနည်းတော့ စိတ်သက်သာရာရမိသည်။စောနကအမျိုးသမီးနှစ်ယောက်ကလည်း သူ့နဲ့အသက်မတိမ်းမယိမ်းလောက်ရှိကာ မျက်နှာချိုကြမည့်ပုံစံမျိုးဟု ထင်မိသည်။ဘာပဲဖြစ်ဖြစ် ဒီနေရာထိ ရောက်လာပြီးမှတော့ နောက်ပြန်လှည့်လို့မရတော့။မီးစင်ကြည့်ကရတော့မည်သာ။ဆန်းဘေးပြောသလို နောက်ပိုင်းတော့ အဆင်ပြေသွားနိုင်ပါသည်။

' ကဲ ဒါဖြင့် လုပ်စရာရှိတာလုပ်လိုက်ဦး။အမ်ဒီ ကတော့မလာသေးဘူး။အကူအညီလိုရင် ကိုယ့်ဆီလာလည်းရတယ်။မီယောင်းတို့ကိုမေးလည်းရတယ်။ဟုတ်ပြီနော် '

Plot Twist (COMPLETE)Where stories live. Discover now