=1= Our Horizons (z/u)

778 66 44
                                    

~OUR HORIZONS~

For a delicate love...

.
.
.
~ our horizons ~
.
.
.
2005ခုနှစ်... April......
ငြိမ်းချမ်းသော ပစ္စုပ္ပန်အချိန်...
.


.
.
အသက်၅၂နှစ်အရွယ် CEO တယောက် ရဲ့
ပုံမှန်ညတစ်ည...

ပုံမှန်အတိုင်းပဲ ပြီးသမျှ အလုပ်တွေကို File
ထဲ သေချာသိမ်း...
Computerကို Shut downချ...

နှာနုရိုးပေါ်က မျက်မှန်လေးကို အသာချွတ်
ကာ လသာဆောင်ဆီကို ကျမ လှမ်းခဲ့တယ်...

အမေရိကား ရဲ့ ပုံမှန်ညတစ်ည...

ကောင်းကင်ကြီးကို ကျမ မော့ကြည့်နေတယ်...
ကောင်းကင်ပေါ်က လဝန်းဖြူဖြူကြီးရယ်...
တလက်လက်တောက်ပ နေတဲ့ ကြယ်ပွင့်လေး
တွေရယ်......

အားလုံးဟာ ပုံမှန်......

ရုတ်တရက် ကြယ်တပွင့်ကြွေကျသွားတော့ ကျမ စိတ်ထဲ စက္ကန့်မဆိုင်း ဝင်ရောက်လာခဲ့တဲ့ အတွေးတစ်ခု နဲ့ အတူ...
ကြယ်ကြွေတိုင်း ကျမ အမြဲ မြင်ယောင်မိခဲ့တဲ့
မျက်နှာတစ်ခု......

သူမ......

သို့မဟုတ်...

အချစ်တစ်ခု မြစ်ဖျားခံရာ......

အရာအားလုံး စတင်ရာ......
.
.
.
~ o u r . h o r i z o n ~
.
.
.
1959ခုနှစ်... April...
လွန်ခဲ့သော ၄၅နှစ်...
ပူလောင်သော အတိတ်ကာလ...
.
.
.

"မာမားရေ... ကြယ်ကြွေသွားပြီ ..."

ချောင်ကျကျ မြို့ငယ်လေးရဲ့ ကောင်းကင်
မှာ လမင်းမရှိပေမယ့် ကြယ်လေးတွေ
လင်းလက်လို့နေတယ်...

ကြယ်ကြွေတိုင်း အသက်၇နှစ်အရွယ် ကျမ
တီးတိုး ပြောမိလေ့ရှိတဲ့စကား......
သူမရဲ့ ပေါင်ပေါ်မှာ... သူမရဲ့ ရင်ခွင်ထဲမှာ...
ကျမကို ထွေးပွေ့ပြီး ကြယ်တွေပြခဲ့တဲ့
နေ့ရက်တွေ ရှိခဲ့ဖူးတယ်...

ကျန်ခဲ့ပြီဖြစ်တဲ့ ကျမနဲ့ သူမရဲ့ ညချမ်းတွေပေါ့...

ကျမ အခု သူမကို တမ်းတနေမိတယ်...
သူမ ကတော့ ကြားမှာ မဟုတ်...

The Heart of Ink (completed ) Z/UWhere stories live. Discover now