Final

359 26 26
                                    



"ဒီတော့...မောင်ရင် ဘယ်လိုလုပ်မယ် စိတ်ကူးထားလဲ"

တိတ်ဆိတ်နေရာမှ ရုတ်တစ်ရက် Daeစကားသံထွက်ပေါ်လာတော့ GD ခါးကို အလိုလိုမတ်မိသွားသည်..

"ဟုတ်ကဲ့..ကျွန်တော်ChaeLin ကို လက်ထပ်ဖို့အထိရည်ရွယ်ထားတာပါ"

သူပြောရင်း chaeဖေဖေကို လှမ်းကြည့်ကာ မသိမသာ သက်ပြင်းလေးခိုးချနေမိသည်..

"အာ..appa..သမီးတို့က ဘာမှမဖြစ်ခဲ့ပါဘူးဆို...သူ့ကို စစ်မေးနေတာတွေ တော်ပါတော့"

ChaeLinက ကျွန်တော်တို့ဆီလျှောက်လာရင်း ပြောလိုက်တော့ DaeSungက

"Lee Chae Lin ...နင့်အခန်းထဲနင်ပြန်ဝင်နေစမ်း...ယောက်ျားလေးတစ်ယောက်အိမ်မှာ တစ်ညလုံးသွားနေတာကို ငါက ယုံရမှာလား"

"APPA ...!!!!"

Chaeနဲ့ သူ့Appa ပြဿနာတက်မှာဆိုး၍ ကျွန်တော် ကြားထဲကနေ ဝင်ပြောရတော့သည်..

"Uncle ကျွန်တော်သူ့ကို အမြန်ဆုံးလက်ထပ်ပါ့မယ်...Uncle ဖြစ်စေချင်တဲ့ရက်ကိုပြောပါ"

"Oppa...ဘာမပြောညာမပြောနဲ့ မြန်မြန်ကြီးလက်ထပ်လိုက်ရင် fanတွေကြား ပြဿနာတွေ ကြီးကုန်လိမ့်မယ်...ပြီးတော့ Oppaက ..."

"မောင်ရင် ...စစ်မှုထမ်းရတော့မှာမလား"

Chaeပြောလို့မပြီးခင် Daeက ဖြတ်ပြောလိုက်သည်။

" ဟုတ်ကဲ့ဗျ..နောက်နှစ်လနေရင်ပါ.."

"ဒါဆို တပ်ထဲက ထွက်မှပဲ လက်ထပ်ပေါ့"

"ဟုတ်..Uncle..ကြိုက်သလိုစီစဉ်ပါ..ကျွန်တော်က အဆင်ပြေပါတယ်"

"ကောင်းပြီ...ဒါဆို မောင်ရင်လည်း အလုပ်တစ်ဖက်နဲ့ဆိုတော့ ပြန်ချင်ပြန်လို့ရပီ..uncleလည်း ကျောင်းကိုသွားရဦးမယ်"

"ဟုတ်ကဲ့ ...ဒါဆို ကျွန်တော်လည်း ပြန်ပါဦးမယ်"

GD...နှုတ်ဆက်လိုက်ပြီး အိမ်အပြင်ဘက်ထွက်လာတော့ Chaeက ဘေးက လိုက်လာသည်..

"Oppa...ဘာလို့ ဘာမှရှင်းမပြတာလဲ...oppa .. chaeကြောင့် အဆူခံရလို့ miyan.."

" Chae..ah..မင်းကို လိုချင်လွန်းလို့ အဆူခံရမှာ သိသိနဲ့ ပါးစပ်ပိတ်ပြီး လက်ထပ်ပါ့မယ်ပဲ တောက်လျှောက်ပြောနေတဲ့ ဒီOppaကို မသနားဘူးလား ဟမ်...ဘာလို့ ဘာတွေကို ရှင်းပြနေရမှာလဲ😒"

 MY  VIP [Completed] Where stories live. Discover now