အပိုင်း(၇)

144 11 11
                                    

😋😋😋😋😋😋😋😋😋😋😋😋😋😋😋

"ကျွန်တော် သူနဲ့သရုပ်ဆောင်မှ ဖြစ်မှာလား"

သူ YG Boss ကို မေးလိုက်သည်။

သူ့အသံ က ပြတ်သားနေသည်။ နာကြည်းမှုတစ်ချို့တစ်ဝက်လည်းပါဝင်နေသည်။

Yang Boss သူ့မျက်နှာကို တစ်ချက်လှမ်းကြည့်လိုက်သည်။

"ဟုတ်တယ် မင်းသူနဲ့တွဲရိုက်ရမယ်"

အစကတော့ ခံစားချက်မဲ့စွာ ပြောလိုက်သော Papa ကို သူဘယ်လိုမှ နားမလည်နိုင်။ နောက်မှ သူကောင်းစွာသဘောပေါက်သွားသည်။လူတစ်ယောက်ကို နာကြည်းမုန်းတီးလွန်းလို့ တစ်သက်လုံးရှောင်ပုန်းပြီး နေသွားဖို့ဆိုတာ မဖြစ်နိုင်တဲ့ အရာပါ။

ထို့ကြောင့် သူရှောင်ပုန်းမနေတော့ပဲ ရင်ဆိုင်ရန်ဆုံးဖြတ်လိုက်သည်။

"ကျွန်တော်သဘောပေါက်ပါတယ် ဒါဆိုကျွန်တော်သွားလိုက်ပါအုံးမယ်"

သူ Yang boss ကို နှုတ်ဆက်ပြီး အခန်းထဲမှ ထွက်လာခဲ့သည်။

♕♕♕♕♕♕♕♕♕♕♕♕♕♕♕♕♕

"ဟင် သူက လက်ခံတယ်ပေါ့"

ပျော်ရွှင်မှုဆိုသည်မှာ ဖုံးကွယ်လို့မရကြောင်း သူမမျက်လုံးတွေက သက်သေပြနေသည်။

"omm omma ပြောတယ်နော် G-Dragon က သမီးကို သံယောဇဉ် မကုန်သေးဘူးဆိုတာ"

အောင်နိုင်သူတစ်ယောက် လေသံဖြင့် ဝင့်ကြွားစွာပြောလိုက်သူက Min Hyo Rin

သူမ မှန်ရှေ့တွင် Nana ကို ရပ်ခိုင်းလိုက်ပြီး

"Omma သေချာပြန်ပြောမယ်နော် သမီး G-DRAGON ကို လက်ထပ်ကို လက်ထပ်ရမယ်"

Nana Komatsu တစ်ချက်ပြုံးလိုက်ပြီး

"သေချာတာပေါ့ Omma ရယ် စောင့်ကြည့်လိုက်ပါ"

သူမ Nana ၏ စကားကို ကျေနပ်သွားပြီး စိတ်ထဲမှလည်း

*San Dara Park နင်စောင့်ကြည့်လိုက်ပါ နင် ငါ့ဆီက Tae Yang oppa ကို လုယူသွားသလို ငါလည်း နင်အရမ်းချစ်တဲ့ နင့်သားကို နင့်ရင်ထဲက မရရအောင် ပြန်လုယူပြမယ်*

□□□□□□□□□□□□□□□□□□□□□□□□□□□□□

+Cut+

"G-DRAGON Shii သိပ်မပြုံးသလိုပဲနော်"

 MY  VIP [Completed] Where stories live. Discover now