အပိုင်း (၁၅)

139 13 17
                                    

🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

မင်္ဂလာခန်းမထဲသို့အဖြူရောင်သတို့သမီးလေးဝင်လာလေပြီ။

ပွဲလာပရိသတ်များကတော့သတို့သမီးလေးအားမြင်လိုက်ရသောအခါတွင်ဂုဏ်ပြုလက်ခုပ်တီးပေးရန်ပင်မေ့လျော့နေကြသည်။

နောက်မှသတိရဟန်ဖြင့်လက်ခုပ်တီးကြတော့သည်။
'ဖြောင်း ဖြောင်း ဖြောင်း.........'👏👏👏

လက်ခုပ်သံနှင့်အညီတစ်လှမ်းချင်းလှမ်းလာသောသတို့သမီးကား Park Bom…

အဖြူရောင်ဂါဝန်အရှည်ကြီးကိုဝတ်ဆင်ထားသည်မှာခန္ဓာကိုယ်နှင့်လိုက်ဖက်လှသည်။

မျက်နှာတွင်လည်းမိတ်ကပ်ပါးပါးလေးခြယ်သထားသည်နဂိုကတည်းကပင်အသားအရေလှပသောကြောင့်မိတ်ကပ်ထူထူလိမ်းစရာမလိုပေ။

နှုတ်ခမ်းဖူးဖူးလေးတွင်လည်းပန်းဆီရောင်လေးခြယ်သထားသောကြောင့်ကြာဖူးလေးအတိုင်းပင်ဖြစ်နေသည်။

ဧည့်သည်များကတောင်တမေ့တမောငေးမောနေကြရာသတို့သား Seung Hyun ဆိုလျှင်တော့အသက်ရှူဖို့ပင်အနိုင်နိုင်ဖြစ်နေရသည်။

သူ့နှလုံးခုန်သံကို ဘေးနားကနေရပ်ပြီးနားထောင်ကြည့်တောင် ကြားရလိမ့်မည်။

"ဘာလဲဟ ဒါအိပ်မက်မဟုတ်ပါဘူးနော် ဟူးး~…စိတ်ထိန်းစမ်း Seung Hyun !! သတိ တည်ငြိမ်စမ်းပါ"

TOP သူ့ကိုယ်သူ စိတ်ထဲကနေပြောနေမိသည်။

စိတ်လှုပ်ရှားလွန် နှလုံးခုန်မြန်လွန်ပြီး မတ်တပ်တောင် ကောင်းကောင်းမရပ်နိုင်တော့…

သူမဆိုသည်မှာ သူရဲ့ ငယ်ချစ်ဦး အချစ်ဦးမဟုတ်လား…ကိုယ်ချစ်တဲ့သူကို ပိုင်ဆိုင်ခွင့်ရတာလောက် ဒီကမ္ဘာပေါ်မှာ ပျော်ဖို့ကောင်းတာ ရှိဦးမှာလား……

(အူသာ- ဗြဲ  ကြေကွဲတယ်ကွာ😭 bingu လိုသာဖြစ်လက်ချင်တယ် GD လေးနဲ့ ငှဲငှဲ )😁

ဧည့်ခံပွဲလာသူများက လက်ခုပ်တီးရင်း ခန်းမထဲဝင်လာသော သတို့သမီးကို လှမ်းကြည့်နေကြသည်။

"Wow လှလိုက်တာ သူလေးက"

"သူဌေးနဲ့ တကယ်လိုက်တာပဲ"

 MY  VIP [Completed] Where stories live. Discover now