အပိုင်း (၁၂)

114 14 8
                                    

တစ်ချိန်က သူ့ရဲ့  အချစ်တွေနဲ့ တည်ဆောက်ထားတဲ့ ဒီအခန်းလေး…

ချိုမြိန်တဲ့ အချစ်သံစဉ်တွေ ပြည့်နှက်နေတဲ့ သူ့နှလုံးသားနဲ့ NaNa ဆိုသော သူမကို အကုန်ပုံအပ်ပြီး ချစ်ခဲ့သည်။

omma က သဘောမကျတာတောင် omma ဆန္ဒကို ဆန့်ကျင်ပြီး Nana နဲ့ တွဲခဲ့သည်။

မိုးမမြင်လေမမြင် ပျော်ခဲ့ဖူးသည်။

တစ်ယောက်ထဲ အိပ်မက်တွေ တည်ဆောက်ခဲ့သည်။

အကြောင်းမရှိ အကြောင်းရှာပြီး သူမနဲ့တွေ့ရဖို့ Japan ကို ခဏခဏ သွားခဲ့ဖူးသည်။

သို့သော်…

သေလောက်အောင် ချစ်ပြနေပေမယ့် နောက်ဆုံး သူပြန်ရလိုက်တာက… သစ္စာမရှိတဲ့ မိန်းမတစ်ယောက်ရဲ့  အတုအယောင် အချစ်တစ်ခု…

Appa နဲ့ Omma ကို လက်စားချေချင်လို့ သူ့ကို အသုံးချခဲ့တာ…

သူက အသုံးချခံခဲ့ရတာ…

နောက်ဆုံးတော့ ထိုမိန်းမနဲ့ သူ လမ်းခွဲခဲ့သည်။

သူ့အတွက်တော့ ခဏတာမက်ခဲ့တဲ့ အိပ်မက်ဆိုးတစ်ခု…

~

"ဖယ်စမ်း"

သူ့ပါးပြင်ပေါ် လာရောက်ပွတ်သတ်နေသော nana ရဲ့ အေးစက်စက်  လက်တွေကို ဖယ်ချပစ်လိုက်သည်။

" ငါ့အသားလာမထိနဲ့ !!"

ဒေါသတစ်ကြီး အော်လိုက်သော သူ့ကို Nana က ခပ်စိမ်းစိမ်းကြည့်လိုက်ပြီး

သူ့မျက်နှာကို လက်နှစ်ဖက်နဲ့ ချုပ်ကာ နမ်းဖို့ ကြိုးစားသည်။

သူက ထိုရွံဖို့ကောင်းတဲ့ စက်စုတ်ဖွယ် အနမ်းတွေကို ရှောင်ရင်း သူ့ကို အုပ်မိုးနေတဲ့ ထိုမိန်းမ ခန္ဓာကိုယ်ကို တစ်ဖက်ကို တွန်းလှဲ ပစ်လိုက်သည်။

ရုတ်တရက် လုပ်ရပ်ကြောင့် Nana အငိုက်မိပြီး မွှေ့ယာပေါ် ပုံလျှက်လဲကျသွားသည်။

သူလည်း ကုတင်ပေါ်က ဆင်းလိုက်ပြီး sofa ပေါ်မှာ တင်ထားတဲ့ အပေါ်အင်္ကျီကို ယူဝတ်လိုက်သည်။

Nana လည်း သူ့ဆီရောက်လာပြီး နောက်ကျောကနေ သိုင်းဖက်ထားလိုက်သည်။

 MY  VIP [Completed] Kde žijí příběhy. Začni objevovat