အပိုင်း (၁၇)

148 12 7
                                    

TOP အိမ်အပေါ်ထပ် အိပ်ခန်းထဲ ဟိုဘက်လျှောက် ဒီဘက်လျှောက်နဲ့ GD ဆီက Message အလာကို စောင့်နေသည်။

*Ring_Ring*📩

GD-(ကဲ ဖုန်းဆက် ဖုန်းဆက် message မပို့ချင်ဘူး လက်ညောင်းတယ်)😌

GD ဆီကMessage ရတော့ သူချက်ချင်းဖုန်းပြန်ခေါ်သည်။ ဒီအချိန်မှာတော့ Bomနဲ့သူ နီးစပ်ရေးအတွက် နဂါးကောင်ကို ဆရာတင်ရမည်ဖြစ်သည်… ပုံမှန်ဆိုရင် သူဆက် ငါဆက်နဲ့ ငြင်းနေဦးမည်…အခုတော့ တစ်ချက်လွှတ်အမိန့်……ဖုန်းခေါ်ဆိုခေါ် သေဆိုသေ ရှင်ဆိုရှင်… 🙄

"အေး Ji Yong ပြော ပြော"

သူ့ဘက်က အလျှင်လိုနေတော့ ဟိုကောင်က ဘာမှမပြောသေးဘဲ ခွီးနေသည်။

"ဟေ့ကောင် ရယ်မနေနဲ့ အချိန်ကိုလည်း ကြည့်လိုက်ဦး 1နာရီ ခွဲတော့မယ်😒"

"Hk hk အဲ့တော့ ဘာဖြစ်"😝

"ငါအိပ်ငိုက်နေပြီဟ"

ထိုအခါ GD က ပြီတီတီအသံနဲ့ ရယ်သံသွန်းပြီး ပြောသည်။

"အိပ်ချင်တာများ အိပ်တော့လေ တစ်ယောက်ထဲ ငိငိ"😜

"ငုံးကောင် မင်းမင်္ဂလာဆောင်မှ သတို့သမီးနဲ့ ခွဲပြီး တစ်ယောက်ထဲအိပ်"

သူ့ဘက်က ဒေါသထွက်ပြမှ လဒက အသံပြန်တည်ငြိမ်သွားသည်။

"နောက်တာ 😂…ကဲ ဘယ်လိုဖြစ်တာလဲ ပြော ငါလည်း အိပ်ချင်နေပီကွ (ဝါးး) ဖုန်းချလိုက်တော့မယ်"😪

"မယုတ်မာနဲ့ ဟကောင် မင်းက ငါ့ထက်ဆရာကျလို့ ငါက အကူအညီတောင်းနေတာ"

"ငင့် သူများကြားရင် ငါကပဲ Play boy လိုလို ဘာလိုလို"😏

"မဟုတ်ဘူးလေ ငါက ရည်းစားတစ်ခါတောင် ထားဖူးတာမဟုတ်ဘူး မင်းက ငါ့ထက်အဲ့နေရာမှာသာတယ်"😁

သူက ပြောတော့ Ji Yong က ရယ်နေသည်။

"Apk ပြောပြော Bom က ဘယ်ရောက်သွားလို့လဲ သူ့အဒေါ်အိမ်ပြန်သွားလို့လား"😖

"မဟုတ်ဘူး သူအောက်ထပ်မှာ TV ကြည့်နေတာ ငါက အိပ်ရအောင်ဆိုတော့ သူက မအိပ်ချင်ဘူးတဲ့ ဘယ်အချိန်ထိ အဲ့တိုင်းနေနေမှာလဲ မသိဘူး"

သူ့စကားဆုံးတော့ Ji Yong က ခွက်ထိုးခွက်လန် ရယ်နေသည်။

"ငတုံး ကောင်မလေးကို အိပ်ရအောင်သွားပြောတော့ ဘယ်ကောင်မလေးက အိပ်တာပေါ့ ဆိုပြီး လာမလဲ hahaha တကယ့်ကောင်"

 MY  VIP [Completed] Where stories live. Discover now