အပိုင်း (၁၆)

117 12 3
                                    


♪♪♪
Mino ကားက ဆေးရုံကို ဦးတည်ပြီးတော့မောင်းနေသည်။ Mino ဘေးက Chaelin ကတော့ မျက်နှာက မကြည်မလင်နှင့်…
ဘယ်ကြည်မလဲ လူတွေအများကြီးရှေ့မှာ အတင်းပွေ့ပြီး ခေါ်ထုတ်လာတာကိုး အထူးသဖြင့် GD ရှေ့ မှာ… Chae ဘာကို စိတ်ပူမှန်း chae ကိုယ်တိုင်မသိ GD သူမကို Mino နဲ့ အထင်လွဲမှာစိုးရိမ်တာလား…သူမဒီလိုစိုးရိမ်ရအောင်လည်း သူမတို့နှစ်ယောက်အခြေအနေက ဘာမှ ရေရေရာရာ မဟုတ်…

Chae's mind :(Ahhh!! အရူးလို စိတ်ကူးယဉ်မိပြန်ပီ…!! ပြီးရင်ကိုယ်ပဲခံစားရမှာကို)💔😔

~

*ကျွီ*🚗

ဆေးရုံရှေ့ရောက်တော့ Mino က ကားကို အမြန်ရပ်ပစ်လိုက်သည်။
ပြီးတော့ ကားပေါ်က ဆင်းလိုက်ပြီး သူမကို တံခါးလာဖွင့်ပေးသည်။

"ကဲရောက်ပြီ noona ကျွန်တော် ပွေ့ပြီး လိုက်ပို့ပေးမယ်ရလား လမ်းလျှောက်လို့"😁

mino စကားကြောင့် သူမ မျက်နှာ မှုန်ကုပ်သွားကာ..

"ရတယ် လမ်းလျှောက်နိုင်တယ် ဘာမှမှ သိပ်မဖြစ်ပဲ နဲနဲပဲထိတာလေးကို…"

Mino က Chaelin ရဲ့ မကျေမနပ် ပြန်ပြောသည်လေးကို သဘောကျစွာပြုံးလိုက်သည်…

"noona ဒါဆို ကျွန်တော် အရင်သွားပြီနော် hk "

Mino က ပြောပြီး ကားထားတဲ့နေရာကနေ ဆေးရုံးဝင်ပေါက်ဆီ အမြန်လျှောက်သွားသည်။
တကယ်တော့ ChaeLin ကို အခက်တွေ့အောင်လုပ်ခဲ့ခြင်းပင်...

ဘာလို့ဆို သူမမှာ ဖိနပ်မှ မပါခဲ့တာ…ပြီးတော့ ခြေဖဝါးကလည်း ဒဏ်ရာနဲ့ လမ်းလျှောက်တဲ့အခါ ဒုက္ခရောက်မှာ အသေချာပဲ…ဒီတော့မှ သူ့ကို အကူညီ လှမ်းတောင်းမှာလေ…hkhkhkhk😜

Mino ကတော့ အကြံပိုင်ပိုင်နှင့် တစ်ယောက်ထဲ ရှေ့ကလျှောက်သွားသည်။🚶

ChaeLin ကတော့ ကားပေါ်ကဆင်း လမ်းမပေါ် ခြေချမိတော့မှ ခြေထောက်မှာ ဖိနပ်မပါခဲ့မှန်းသိသည်။

Song Mino ၏ တဇွတ်ထိုးလုပ်မှုကြောင့် သူမ မင်္ဂလာခန်းမထဲမှာ ဖိနပ်ကျွတ်ကျန်နေခဲ့ခြင်းဖြစ်သည်။

"sh*t"

နေအပူရှိန်ကြောင့်ရော ဖန်ကွဲစ စူးထားတဲဒဏ်ရာကြောင့်ပါ ခြေဖဝါးက ကွန်ကရစ်လမ်းနဲ့ ထိထိခြင်း စူးကနဲ့ဖြစ်သွားပြီး တွန့်သွားသည်။

 MY  VIP [Completed] Where stories live. Discover now