အပိုင်း(၂၂)

197 18 29
                                    


"ချစ်တယ် .. Lee Chae Lin"

Chae သူ့ဆီက စကားသံလေးကို ကြားပြီးပြီးခြင်း အချိန်တွေရန့်တန့်သွားသလိုခံစားလိုက်ရပြီး ခေတ္တငြိမ်သက်ပြီး ဆွံ့အသွားမိသည်..
.
.
.
.
.
.
.
.
.

" ဟေ့..အရူးမလေး...ကိုယ့်ကို တစ်ခုခုပြန်ဖြေဦးလေ"

Chaeက တိတ်ဆိတ်နေမိ၍ ထင်သည်..သူက Chae ပုခုံးကို အသာလှုပ်ရင်း ထပ်မေးသည်...

"ကိုယ့်ကိုရော.........ချစ်လားလို့"

"မချစ်ရင်..ဒီထိရောက်လာပါ့မလား..ချစ်လို့ပေါ့.."

Chae သူ့ကို မျက်စောင်းလေးထိုးရင်း ပြောလိုက်တော့...သူက ကျေနပ်စွာပြုံးသည်။

"အင်းနော်...ကိုယ့်ဘက်ကသာ အစိုးရိမ်တွေ လွန်နေတာနေမှာ...ဒီအရူးမလေးက ကိုယ့်ကို ချစ်နေပီသားကိုနော.."

GD သူမခေါင်းက ရေစိုနေသော ဆံပင်တို့ကို အသာဖွလိုက်ရင်း ပြောလိုက်သည်..

"ဘာကို..စိုးရိမ်နေတာလဲ..Chaeက Oppaကလွဲရင် ဘယ်သူ့ကိုမှ စိတ်မဝင်စားဘူး..😏 အယ်..လူဆိုးကြီး😕 Chaeက ချစ်တယ်ဆိုတာကို အစကတည်းက သိနေတာမလား..အာ့ကြောင့် အခွင့်အရေးယူတာမလား..ဟွန့်..လူဆိုးကောင်😭😭"

မိုးပြိုတော့မလို ရုတ်တရက် ရှုံ့မဲ့သွားကာ နှုတ်ခမ်းလေးဆူရင်း ရန်တွေ့နေသော ChaeLinအား GDကြည့်ရင်း တစ်ဖြေးဖြေးအသည်းယားလာမိသည်..

"အရူးမလေး..ဘယ်က အခွင့်ရေးယူရမှာလဲ ..ကိုယ်ကလည်း မင်းကို စတွေ့ကတည်းက ချစ်မိနေတာ သိရဲ့လား ...ရူးရုံတင်မကဘူး...တုံးလည်း တုံးသေး..ရူးပေါပေါငတုံးမလေး "

" oppaကမှ အရူးသိလား..😒..ဟွန့်😕"

နှုတ်ခမ်းလေးဆူရုံတင်မက...နဂါးမျက်စောင်းလေး တစ်ဝင့်ဝင့်ဖြစ်နေသော...ထိုငပေါမလေးကို သူကြည့်ရင်း အသဲယားလှစွာ...ပါးလေးနှစ်ဖက်အား ဆွဲညှစ်ပစ်လိုက်သည်..

"တော်ရုံပဲ..အသဲယားအောင်လုပ်ကွာ..ကိုယ်စိတ်မထိန်းနိုင်ရင် ကိုက်စားမိသွားလိမ့်မယ် ..."😈

သူပြောရင်း ညစ်ထေထေပြုံးလိုက်တော့...သူမ အလန့်တကြားနှင့်..ထိုင်နေရာမှ ချက်ချင်းထရပ်သည်...

 MY  VIP [Completed] Where stories live. Discover now