Park Chanyeol ဆိုတဲ့ကောင်လေးလား။
လူတစ်ကာကိုအပြုံးချိုချိုလေးနဲ့အေးမြအောင်ကုစားပေးနိုင်သူပေါ့။
ချစ်စရာမျက်လုံးဝိုင်းလေးနဲ့ ပါးပြင်တွင်ထင်းလျက်ရှိသောပါးချိုင့်လေးက ပို၍ပြည့်စုံသည်ထက်ကိုပြည့်စုံစေသည်။
အမြဲလိုလိုအေးမြပျော်ရွှင်နေတက်တဲ့ကျွန်တော့်ကမ္ဘာငယ်လေးကိုပျက်ဆီးစေခဲ့သော ထိုလူသားသာ မရှိခဲ့ပါလျှင်။
ထိုအရာများနှင့်ဆန့်ကျင်စွာ ယခုတွင်တော့ Park Chanyeol ဆိုသည်မှာ သိပ်ကိုကြောက်မက်ဖွယ်ရာ နတ်ဆိုးအလား။
ဒီပုံရိပ်သည် တစ်ဦးတစ်ယောက်အတွက်သာ။
●●●●●●●●●●●
"နူနား~~~"
"Channie လေး နူနား မီးဖိုခန်းထဲမှာ"
ထိုအသံလေးကတော့နေ့စဉ်မပျက်ကြားနေကျ တေးသီငှက်များ၏သီဆိုသံကဲ့သို့ ပျက်ကွက်ခဲ့သည်မရှိလေသော ချွဲချွဲနွဲ့နွဲ့လေသံလေး။
"Channei တို့ကတော့ အိုမားထိုင်နေတာတောင်မမြင်ဘူး သူ့နူနား ဆီကိုပြေးတာမှတန်းနေတာပဲ"
"အာ အိုမား ကလဲ နူနားနဲ့ သားက ၉ နာရီတိတိကြီးတောင်ခွဲနေရတာလေ"
"ဟုတ်ပါပြီ ကိုယ်တိကျလေးရယ် ဆက်ချွဲတော်မူ မမြင်ချင်ယောင်ပဲဆောင်နေတော့မယ်"
"ဟားဟား...အိုမား ကလဲဗျာ ကလေးလေးကျနေတာပဲ "
ရိုးရှင်းပေမယ့် အမြဲဆန်းသစ်သည့်အသွင်ရှိနေသောဖြစ်ရိုးဖြစ်စဉ်တစ်ခု။
"ကဲအဝတ်စားသွားလဲ ပြီးရင်အဆာပြေစားပြီး နူနား နဲ့ဆော့မယ်ဟုတ်"
"Yes sir!"
ဟေရင်း တစ်ယောက်အလုပ်တွေဘယ်လောက်ပင်ပန်းလာပါစေ ဒီချစ်ဖို့အလွန်ကောင်းလေသော မောင်တော်လေးရဲ့ အချွဲ့အနွဲ့ကိုခံလိုက်ရလျှင် ဆေးကူစရာတောင်မလို။
ဒီလိုမျိုးလေးပဲ ချစ်ဖို့ကောင်းတဲ့ကောင်လေးတစ်ယောက်အဖြစ်ကြီးထွားလာပေးနော် Channie လေး။
ဟေရင်းရဲ့ ဆန္ဒလေးသည် လမ်းချော်သွားခဲ့ပါလျှင်.......
"နူနား နူနား နူနား နူနား..."
YOU ARE READING
SQUARE [Rated]
FanfictionIf you are falling in love Hope you will suffer ^အခ်စ္အားခံစားျခင္း^ Mature !!! ☑️Unicode [error မစစ်ဆေးရသေး]