Ch.66 : Calling a True Star ( Part.2 )

Start from the beginning
                                    

" Wow... မင်းနေရာက ငါနဲ့ အရမ်းဝေးလွန်းပါတယ်ကွာ ။ လေယာဉ်စီးလာမယ်ဆိုရင်တောင် အကြာကြီး စီးပြီးလာရမှာ ။ "

" ဟားဟား.... မင်း တကယ် လာမယ်ဆိုရင် ငါမင်းကို လေယာဉ်လက်မှတ်ခကော ၊ စားစရိတ်ပါ ပို့ပေးလိုက်မယ် ။ အလုပ်လုပ်ချင်တယ်ဆိုရင်လည်း ငါမင်းအတွက် ဒီမှာ အားလုံး စီစဉ်ပေးလို့ရတယ် ။ ဘယ်လိုလဲ ? ငါရဲ့ သဘောထားကြီးမူအောက်မှာ မင်းစိတ်လူပ်ရှားသွားတယ်မလား ? "

Gino ရဲ့ ပြောပုံဆိုပုံ လေသံဟန်တွေဟာ သူတို့နှစ်ယောက် တကယ်ကြီးကို bff တွေ ပုံစံမျိုးပေါက်နေတယ် ။ ပရိသတ်တွေလည်း သူတို့နှစ်ယောက် ဟန်ဆောင်နေတာပါလို့ မထင်မှတ်ရဲဘူး ဖြစ်သွားရတယ် ။

Tang Feng ကိုယ်တိုင်တောင် သူနဲ့ Gino ကြား ရင်းနှီးမူက ဒီလောက်တောင် ကောင်းမွန်နေမယ်လို့ မျှော်လင့်မထားမိဘူး ။ အရင်ဘဝဟောင်းတုန်းကဆိုရင် သူတို့နှစ်ယောက်ဟာ တွေ့လိုက်တာနဲ့ အမြဲကိုက်နေကြတာ ။ Gino သူဖုန်းဆက်တာ ဘာလို့ ကိုင်လိုက်တာလဲဆိုတာ သူသေချာ နားမလည်ဘူး ။ ပြီးတော့ ဘာလို့ ဒီလို ရင်းရင်းနှီးနှီး ပြောဆိုနေရလဲဆိုတာလည်း သူမသိဘူး ။

ဖြစ်ပျက်သွားတဲ့ အခြေအနေဟာ ပရိသတ်တွေအတွက် အရမ်းကို ထူးဆန်းလို့နေပေမယ့် ၊ Tang Feng ကတော့ Gino ကို နည်းနည်း ကျေးဇူးတင်မိသွားတယ် ။ အရင်အခြေအနေကို ပြန်စဉ်းစားကြည့်လိုက်ရင် Gino ဆိုတာ ဘယ် variety show ပွဲမျိုးမှာမှ လူလုံးထွက်ပြလေ့ရှိတဲ့ လူစားမျိုး မဟုတ်ဘူး ။ ဒါသူ့ရဲ့ ပထမဆုံးအကြိမ် ပါဝင်တင်ဆက်ခြင်းပဲ ဖြစ်လေတယ် ။ ဒါ့အပြင် Gino ဟာ သူ့ကို လိုလိုလားလားနဲ့ အားလုံးအဆင်ပြေအောင် ကူညီဖေးမသွားပြန်သေးတယ် ။ ဒီလိုအကြောင်းအရာတွေကြောင့် Tang Feng တကယ်ကိုပဲ စိတ်ထဲမှာ လူပ်ရှားသွားရပြီး သူ့ရဲ့ Gino ပေါ်ထားရှိတဲ့ အမြင်ဆိုးတွေ ပြောင်းလဲသွားကုန်တော့တယ် ။

..............

" Xiao Yu.. ဘာလို့ ဖုန်းကိုင်တဲ့လူက Zhang Rui Cheng မဟုတ်ဘဲ Gino ဖြစ်သွားရတာလဲ ? "

Recording လုပ်တာ ချောချောမွေ့မွေ့ပဲ အဆုံးသတ်သွားခဲ့တယ် ။ Tang Feng ဟာ စင်ပေါ်ကနေ ဆင်းလာပြီး တစ်နေရာမှာ ထိုင်နေတဲ့ Xiao Yu ကိုလှမ်းမြင်လိုက်တော့ သူမဆီ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားခဲ့တယ် ။

True Star (Myanmar Translation )Where stories live. Discover now