Ch.63 : The Trees Long For Peace , But The Wind Will Never Cease ( Part.2 )

Start from the beginning
                                    

" အတိတ်ဆိုတာ အတိတ်မှာပဲ ပြီးသွားပြီ ။ အခု မင်းရဲ့ လက်ရှိပုံစံ အနေအထားက အားလုံး အဆင်ပြေနေပြီပဲ ။ ဒါနဲ့ online မှာ မင်းကို ရူတ်ချထားတဲ့ အရေးအသားတွေနဲ့ ပတ်သက်ပြီး မင်းစိတ်ထဲ ဘယ်လိုနေလဲ ? "

Tang Feng ရဲ့ နူတ်ခမ်းကို ငေးစိုက်ကြည့်နေတဲ့ အကြည့်ကို ပြန်လည် သိမ်းယူလိုက်ပြီး သတင်းစာကို ဒုတိယအကြိမ် ပြန်လည်ကောက်ကိုင်လိုက်ကာ Lu Tian Chen အခုလို ပေါ့ပေါ့ပါးပါးပဲ အမေးထုတ်လိုက်တယ် ။

" စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ထင်တာပဲ ။ အဲ့ဒီပြောဆိုနေတဲ့အထဲ တချို့က ကျွန်တော်နဲ့ အပြင်မှာ ရင်းရင်းနှီးနှီး သိကျွမ်းနေသလိုလို ပုံစံမျိုး ဖမ်းထားကြတယ် ။ တချို့ကျတော့ ကျွန်တော်က Ge Chen ကို ဘယ်လိုတွေ အနိုင်ကျင့်ခဲ့တာပါဆိုပြီး သူတို့ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ သိနေသယောင်ယောင် ရေးထားကြပြန်တယ် ။ တချို့ကျပြန်တော့လည်း ကျွန်တော့်အကြောင်းကို တရားလွန် ချီးမွမ်းခန်း ဖွဲ့နေကြပြန်တယ်လေ ။ ဒီလူတွေအားလုံးက သူတို့ရဲ့စိတ်ထဲက ထင်မြင်ခန့်မှန်းချက်တွေကို အခြေခံပြီးတော့ သူတို့ကိုယ်ပိုင် " Tang Feng " တစ်ယောက်ကို ဖန်တီးနေကြတာ ။ "

Lu Tian Chen နဲ့ အတူတူ အမိုးတစ်ခုအောက်မှာ အတူနေထိုင်ရတဲ့ အချိန်ကစပြီး မနက်ခင်းတိုင်းမှာ အခုလိုမျိုး မနက်စာကို အတူတူ သုံးဆောင်ခဲ့ကြပေမယ့် အချိန်တိုင်းနီးပါးဟာ တစ်ယောက်နဲ့ တစ်ယောက်ကြား နေရထိုင်ရခက်နေပြီး အမြဲလိုလို စကားသံကင်းမဲ့နေခဲ့ရတယ် ။ အဲ့ဒီအတွက်မို့ Tang Feng ဟာ အားအနည်းငယ် စိုက်ထုတ်ပြီး သူ့ရဲ့ သူဌေးဖြစ်သူနဲ့ စကားစမြည် ပြောဆိုဖို့ ဆုံးဖြတ်ချက် ချလိုက်တယ် ။

Lu Tian Chen နဲ့ ပထမဆုံးအကြိမ် စဆုံခဲ့တဲ့အချိန်မှာ Tang Feng ရဲ့စိတ်ထဲ သိပ်ပြီး သဘောမတွေ့ခဲ့မိပေမယ့်လည်း ဒီလောက်လေးနဲ့ လူတစ်ယောက်ရဲ့ တန်ဖိုးကို သူအကဲမဖြတ်လိုက်ပါဘူး ။ လူတစ်ယောက်ရဲ့ အကြောင်းကို သေချာနားလည်ဖို့ဆိုရင် အဲ့ဒီလူနဲ့ အတူ အချိန်တချို့ ကုန်ဆုံးပြီး စကားစမြည် ပြောဆိုဖို့ရာ လိုအပ်သေးတယ် ။

အားလုံးကို အနှစ်ချုပ်လိုက်တဲ့ အခါမှာ Lu Tian Chen ရဲ့ ပြစ်ချက်လေးတွေဟာ သူ့အောင်မြင်မူတွေရဲ့ အဓိကသော့ချက် ဖြစ်လို့နေတာကို တွေ့လိုက်ရတယ် ။ Lu Tian Chen ဟာ တိကျပြတ်သားတယ် ၊ သနားကြင်နာခြင်း ကင်းမဲ့တယ် ၊ အရေးမပါတဲ့ အရာတွေကို ဥပေက္ခာပြုတက်တဲ့ အကျင့်ရှိတယ် ။ လူတစ်ယောက်ကို သူ နှစ်သက်ရင် ဖြစ်ဖြစ် ၊ မုန်းတီးရင် ဖြစ်ဖြစ် စိတ်ထဲမှာ ဟန်ဆောင်ဖုံးကွယ်မထားပဲ ပွင့်ပွင့်လင်းလင်း ဗြောင်ပြောဆိုတက်တယ် ။

True Star (Myanmar Translation )Where stories live. Discover now