အပိုင်း ၃၆

Start from the beginning
                                    

ဖေကြီးရော ကိုကြီးပါမနက်အစောတည်းက
အိမ်မှထွက်သွားကြ၍ မေမေနဲ့နှစ်ယောက်တည်း။
မနေ့ညတည်းက မေမေက သူပါလိုက်ခဲ့ရ
မလားမေးသော်လည်း ကျွန်တော်ခေါင်းခါ
ငြင်းဆန်မိသည်။
ခြောက်သွားသော ကျွန်တော့်ဆံပင်တွေကြား
လက်ချောင်းတွေနဲ့ ထိုးဖွနေရင်းမှ ငုံနမ်းပေး
သည်။ ရင်းနှီးဖူးသော အနမ်းတစ်ခုကို သတိရ၍
မျက်ရည်က အလိုက်တသိ ဝေ့ကာသီ၏။

"မေ့သားလေး ဆံပင်တွေတောင် ရှည်လာပြီ်"

"နောက်ရက်တွေ သွားညှပ်မယ်။ နောက်ရက်တွေ
တော့ မေမေလည်းအလုပ်ပြန်သွားပါ"

"မသွားပါဘူး။ မေ့သား အလုပ်မဝင်ခင်ထိ နေပေးမယ်"

"ရတယ်။ သား ဒီလိုပဲ နေတတ်နေပြီ..."

"ကလေးရယ်"

နွမ်းလျလျ ခေါ်တွင်သော မေမေ့ကို အလန့်တ
ကြား မော့ကြည့်မိသည်။ ဤနာမကို အမေ
အရင်းခေါ်တာတောင် ကျွန်တော်လက်မခံချင်
တာလားလေ?

"သား ကလေး မဟုတ်တော့ဘူး မေမေ။ အဲ့လို
မခေါ်ပါနဲ့"

"အင်း sorry"

မေမေ့ရှေ့မှ ထကာအခန်းတွင်းဝင်လာရသည်။
တိုင်ကပ်နာရီကို မော့ကြည့်တော့ ၉နာရီအတိ။
ဒီလိုဆို သူစောင့်နေတာ နာရီဝက်ရှိလောက်ပြီ။
၁၅မိနစ်စောသွားတတ်သော ကျွန်တော့်အတွက်
သူက ၁၅မိနစ်မက ကြိုရပ်စောင့်နေပေးတတ်တာ

မှန်ထဲပေါ်နေသော ပုံ။ ပထမဆုံး Datingက
တက်ကြွနေသော သော်တာနိုးဝေ ဘယ်ပျောက်
သွားခဲ့ပါသလဲ? မေမေထုတ်ပေးထားသော
T shirt အဖြူကောက်စွပ်သည့်တိုင် ကျွန်တော့်
စိတ်တွေ မစင်ကြယ်သေး။
မှန်ပေါ် ပေါ်နေသော ကိုယ့်ပုံရိပ်ကိုငေးရင်း မျက်
သားတို့ စပ်လာပြန်သည်။
မုန်းလိုက်တာ။ ပျော့ညံ့ညံ့ဖြစ်နေတဲ့ကိုယ့်ပုံကို
ကိုယ်မုန်းတယ်။
မင်းဘယ်တော့မှ ယောကျာ်းတစ်ယောက်အနေနဲ့
အရွယ်ရောက် ယောကျာ်းတစ်ယောက်အနေနဲ့
ပြည့်ပြည့်ဝဝ ရင့်ကျက်လာမှာလဲ?

သတ္တိရှိစမ်းပါ နိုးဝေ။ မင်း သူ့ကို ချစ်မိသွားသလို
သတ္တိရှိစမ်းပါ။

>>>>>NO<<<<<

Expresso coffeeတစ်ခွက်က Aircon
လေကြောင့် ကြွေခွက်က အပူငွေ့ငွေ့လေးပင်
မရှိတော့။
မှုန်ရီထိုင်းမှိုင်းနေသော မျက်ဝန်းများဖြင့် ငေး၍
မဝသလို ခပ်ပါးပါးပြုံးလျက် ငေးကြည့်နေသူ။

NO Where stories live. Discover now