အပိုင်း(၃၅)

Start from the beginning
                                    

"ဘာမှမဖြစ်ဘူး။ ကိုကြီးတို့ ရှိတယ်။ ညီ့ ဘေး
နားမှာ ကိုကြီးတို့ရှိနေသ၍ ငါ့ညီ ဘာမှမဖြစ်စေ
ရဘူး"

မျက်ရည်တွေသုတ်ပေးရင်း ခပ်တိုးတိုးလေသံနှင့်
ကြင်ကြင်နာနာပြောပြနေသော ကိုကြီးကိုအားကိုး
တကြီး ဖက်တွယ်လိုက်မိသည်။ နွေးနေသော လက်ဖဝါးကျယ်တို့ ကျောပြင်ကို ယုယုယယ ပွတ်သပ်ချော့မြူသောအခါ ကျွန်တော်ငိုကြွေးမိ
ိပြန်သည်။

"ကြောက်တယ်။ အဲ့လိုဖြစ်သွားမှာ သား
ကြောက်တယ်"

"အင်း...အင်း မကြောက်နဲ့။ အခု ဖြစ်စရာအ
ကြောင်းမရှိတော့ဘူး။ ဟုတ်လား? ညီ သိသွား
ပြီဆို ဖြစ်လာစရာမရှိတော့ဘူးပေါ့။ ကိုကြီးရော
ဖေဖေတို့ မေမေတို့ရော ညီ့ အနားမှာရှိတယ်
ဘာမှ မဖြစ်ဘူး။ မကြောက်နဲ့...ငါ့ညီ ဘာမှ
မဖြစ်ဘူး။"

ယုယုယယ ဖက်တွယ်မှု ခေါင်းမှစ ကျောပြင်ထိ
ချော့သိပ်သလို ခပ်ဖွဖွပုတ်လျက် အားပေးနေမှု၊
ကိုကြီးဆီမှ ရနေသော ကိုယ်ငွေ့နွေးနွေး။

Bro...ကို သတိရလာပြန်၏။ Bro ဟူသော
အသိနောက်က ကပ်လိုက်လာသော ထိတ်လန့်မှု
က ထပ်မံ ခြောက်လှန့် ပြန်တော့...
ငိုရပြန်ပါပြီ။

                 >>>>>NO<<<<<

"သားလေး...ထမင်းမစားချင်ရင် မြူစွမ်ပြုတ်ပေး
ထားတယ် သောက်မလား?"

ခေါင်းတွင်တွင်ခါရင်း မေမေ့ကိုသာ ကျောခိုင်း
ရင်း ခန္ဓာကိုယ်ကိုသာ အဆုံးစွန်ဆုံး ကွေးထား
မိသည်။ ဒီအိပ်ရာပေါ်ကနေ မထမိတာ ဒီနေ့နဲ့
ဆို ဘယ်နှစ်ရက်မြောက်လဲ?

လွမ်းတယ်။ ပြီးတော့...ကျွန်တော်သူ့ကို
ကြောက်လည်း ကြောက်တယ်။

"ကိုယ် မိန်းကလေးတွေကို မကြိုက်ဘူး" ဟူသော
လေတိုးသံတွေကြားမှ နားနဲ့ဆက်ဆက်ကြားခဲ့
ရသော သူ့အသံ။

သူ့စိတ်ကို ကျွန်တော်နားမလည်ဘူး။ ကျွန်တော်
က သူ့ကိုချစ်တာ။ သူက မိန်းကလေးမကြိုက်လို့
ယောကျာ်းလေးဖြစ်တဲ့ ကျွန်တော့်ကိုကြိုက်ခဲ့တာ

ကျွန်တော်သာ ယောကျာ်းလေးမဟုတ်ရင် သူ
ကျွန်တော့်ကို မချစ်လာနိုင်ဘူးလား? အစက
မတွေးမိသော ထိုအတွေးဝင်လာချိန်တိုင်း ကျွန်တော် နာကျင်ရသည်။
ဒီတစ်ခါနာကျင်မှု၏ ရင်းမြစ်က နှလုံးသားထဲက
လာတာ။ ဒီလူကို မေ့သွားရင်ကောင်းမှာပဲလို့
ဒီရက်ပိုင်းအတွင်း ကျွန်တော်ခဏခဏတွေးနေ
မိသည်။ ဒါပေမယ့်...

NO Where stories live. Discover now