ဒီလိုနဲ့ ထိုင်ရာမှထကာ လိုက်နှုတ်ဆက်ရပါတော့သည်။ သူငယ်ချင်းတွေ အကုန်လုံးက အလုပ်အကိုင် ကိုယ်စီနဲ့.... တစ်ချို့ဆို အိမ်ထောင်ပြုပြီးသွားကြပြီ။

အိမ်ထောင်ကျပြီလား...ကလေးဘယ်နှစ်ယောက်ရပြီလဲ ဘာညာ...ထိုမေးခွန်းများမေးလျှင်တော့ Sehun Kaiနဲ့ Baekhyunတို့မှာ မျက်နှာလွှဲသူကလွှဲ သွားဖြီးပြသူကဖြီးနှင့် တိုင်ပတ်ကုန်ကြသည်။

သူတို့သည် အခုချိန်ထိFA လူပျိုကြီးများဖြစ်နေသောကြောင့်ပင်....

သနားစရာ သူငယ်ချင်းလေးများ...အိမ်ထောင်ပြုကြတော့ ရည်းစားထားကြတော့ဆိုလျှင်...အချစ်စစ်ကိုမတွေ့သေးဘူး...အပူမရှာချင်ဘူးနဲ့

ဟောကြည့် အခုလိုအချိန်ကျ မျက်နှာငယ်ရပြီမဟုတ်ပါလား.....

"ဟိုကောင်တွေသနားပါတယ်ကွာ မျက်နှာလေးတွေကိုငယ်လို့ အစတည်းက ငါတို့လိုလက်ထပ်လိုက်ရင်ပြီးရဲ့သားနဲ့.."

"အေးလေ နေ့ရွှေ့ရက်ရွှေ့ ဟိုအကြောင်းပြ သည်အကြောင်းပြနဲ့.."

ဟုတ်ပါသည်။ ကျွန်တော်နှင့်Kris နှစ်ယောက်လုံး ကျောင်းပြီးတည်းက လက်ထပ်လိုက်ခြင်းဖြစ်ပါသည်။

လက်မထပ်ခင်စပ်ကြား တစ်နှစ်လောက်လည်း ခွဲနေလိုက်ရပါသည်။

Krisအမေက သဘောတူသော်လည်း...
သဘောမတူနိုင်သည့် ကျွန်တော့် Papaကြီးကြောင့်ပင်....

ဒါပေမဲ့ နောက်ဆုံးတော့လည်း သဘောတူလိုက်ရတာပါပဲ...ကျွန်တော်တို့နှစ်ယောက်ကို ဘယ်သူမှ မခွဲနိုင်တာ....

ဘာလို့ဆို ကျွန်တော်တို့က နတ်ဖက်တဲ့ဖူးစာလေ....

"ဆရာမXiu မင်္ဂလာပါ...ဆရာSuhoမင်္ဂလာပါ..
ဆရာChen မင်္ဂလာပါ..."

အမြဲတစေ သုံးယောက်ပူးတွဲတွေ့နေရတဲ့ ကျွန်တော်တို့ရဲ့ ဆရာသုံးယောက်....

"ငါ့တပည့်တွေတောင် ချောလာကြတာပဲ"

ဆရာChenက ဝမ်းသာအားရဆိုသည်။

"မင်းတို့တွေ အလုပ်အကိုင်အဆင်ပြေတယ်မလား"ဆရာSuho၏ အမေးစကားကို

"ဟုတ် ပြေပါတယ်" ကျွန်တော်တို့ငါးယောက်လုံး တညီတညွတ်တည်း ဖြေလိုက်သည်။

Soulmate[KrisYeol]Where stories live. Discover now