Chapter 16:အချစ်နှင့်အလွဲ

1.6K 196 8
                                    

ကျွန်တော်နဲ့အတူတူရှိနေတိုင်း Chanအနားရောက်ရောက်လာတဲ့ သူမကိုမကျေနပ်တော့ပါ။
Oppa Oppaနဲ့ အရမ်းကိုအရောဝင်လွန်းသောHae Juသည် ကျွန်တော့်အတွက်တော့ ရန်သူသာသာ။

Chanကလည်း ကျွန်တော်မကျေနပ်ကြောင်းဒီလောက်သိသာအောင် ပြနေတာတောင် သူမနဲ့တတွဲတွဲလုပ်တုန်း။ ဆိုင်အတူထိုင်ပေးပါဆိုလည်း ထိုင်ပေးတယ် စာရှင်းပြဆိုလည်းအသာတကြည်။ ဟိုနေရာလည်းပါ ဒီနေရာလည်းပါနဲ့
Kaiကတောင်ပြောနေတယ်။ Chanနဲ့Hae Juပုံစံက အတွဲတွေကျနေတာပဲတဲ့။

Hae Juက ကျွန်တော့်ပြိုင်ဘက်ဖြစ်လာတော့မှာလား။ မဖြစ်ဘူး... ဒါကိုကျွန်တော် ဒီအတိုင်းဆက်ကြည့်နေလို့မဖြစ်တော့ဘူး...

Annieကပြောတယ်.... ကိုယ်ကချစ်နေပြီပဲ အဆုံးရှုံးမခံနဲ့တော့တဲ့... သူများနောက်ပါသွားမှ မငိုနဲ့တဲ့လေ...သူများနောက်မပါခင်ကိုယ်ကဦးအောင် ကြိုးစားရမှာပေါ့ဗျာ။

🔥🔥🔥🔥🔥

အခုချိန်သည် Park Chanyeolလေးရဲ့အပျော်ဆုံးအချိန် အကျေနပ်ဆုံးအချိန်ပင်ဖြစ်ချေတော့သည်။ အမြဲတကျက်ကျက်ရန်ဖြစ်နေပေမဲ့ သူ့အပေါ်Krisသည် ယခုလိုမေတ္တာရှိကြောင်းသိရသည်မှာ ဝမ်းသာလို့မဆုံးပေ။ သူသဝန်တိုအောင်လုပ်ပြတိုင်း ဆူပုတ်ဒေါသထွက်နေသော Krisမျက်နှာသည် ယခင်ကထက်ပို၍ကြည့်ကောင်းသည်။

Chanသည်အရမ်းပျော်နေခဲ့ပါသည်။ မြတ်နိုးရသူဆီမှအချစ်စကားတို့အား မျှော်လင့်ရင်းပေါ့။

သို့သော်Chan၏ မျှော်လင့်ချက် အချစ်တို့ကို မြင်ကွင်းတစ်ခုက အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် ရိုက်ချိုးလိုက်လေသည်။

ထိုမြင်ကွင်းကား သူ့အထင်တို့တက်တက်စင်အောင် လွဲနေကြောင်းသက်သေပြလိုက်လေသည်။

⏩⏩⏩⏩⏩

Krisသည် ကော်ရစ်တာ ထောင့်ချိုးမှာရပ်နေရင်း Hae Juအလာကိုစောင့်နေသည်။ အပြတ်ပြောရမည်။ ဒီနေ့တော့ဒီကလေးမကိုChanနားနောက်ထပ်မကပ်ဖို့ပြောရမည်။

"Hae Ju"

"Kris ဘာကိစ္စရှိလို့လဲ"

သူမက ဘေးဘီဝဲယာကိုကြည့်ရင်းနဲ့ဖြေသည် ကျွန်တော့်ကိုကြောက်နေပုံပဲ... ကြောက်နေရင်အစတည်းက Chanအနားမကပ်ပါနဲ့လား..အရင်က Chanမှာရည်းစားရှိတာဘာမှမဖြစ်ပေမဲ့ အခုသူ့အနားမှာရှိနေမယ့် ဘယိမိန်းကလေးမှမမြင်ချင်တော့ဘူး။

Soulmate[KrisYeol]Where stories live. Discover now