Chapter 17:အချစ်ပြိုင်ပွဲ

1.6K 188 26
                                    

ဟုတ်မလိုလိုနှင့် အကြီးကြီးလွဲနေသော Krisနှင့်Chanyeol၏ အချစ်ဇာတ်လမ်းကို မည်သူမျှအမှန်အတိုင်းဖြစ်အောင်ဖြေရှင်းမပေးနိုင်ကြ။

Daffineနှင့်Annieကတော့ သူတို့စသည့်ဇာတ်လမ်း ဘာလုပ်လို့လုပ်ရမှန်းမသိပဲ ဒီအတိုင်းစောင့်ကြည့်နေရသည်။

ဒီကြားထဲတွင်အမြတ်ရနေသူက Hae Juပင် အရမ်းချော အရမ်းပြည့်စုံတဲ့ကျောင်းရဲ့ဒိတ်ဒိတ်ကြဲနှစ်ယောက်က သူမကိုပြိုင်လုသလိုဖြစ်နေသည်မဟုတ်ပါလား။

Chanသည် Krisကိုတွေ့လျှင်မျက်နှာကိုတင်းထားသည်။ တမင်ပင်Hae Juကိုစကားသွားပြောကာ အတင်းဝင်ရောသည်။ သူ့စိတ်ထဲတွင် ယခုချက်ချင်း Hae Juနဲ့ချစ်သူဖြစ်ချင်နေသည်။
Krisကိုတော့ Hae Juလက်ထဲအပါမခံလို...
အချစ်သည်စွန့်လွှတ်အနစ်နာခံခြင်း ဟုတ်ချင်ဟုတ်မည်။ ကို့ချစ်သူပျော်ဖို့ ကိုကအနစ်နာခံပေးတာတွေသည် ဝတ္ထုတွေ ဇာတ်လမ်းတွေထဲမှာပဲကြည့်ကောင်းသည်။

Chanကတော့ အတ္တကြီးတယ်ပဲပြောပြော KrisကိုHae Juနဲ့လုံးဝချစ်သူဖြစ်ခွင့်မပေးဘူး။

ပြဿနာမှာ Krisသည်လည်းChanကဲ့သို့စိတ်မျိုးထားနေခြင်းပင်။ ဒီတော့နှစ်ယောက်လုံး
Hae Juကိုဝိုင်းလုသည်။

ပုံစံက ဆရာမXiuကို ဆရာChenနှင့်ဆရာSuho ဝိုင်းလုနေသလိုမျိုး။

တစ်ဖက်တွင်လည်း မိန်းကလေးတစ်ယောက်အတွက်နဲ့ စစ်ခင်းမည်ပြုနေသော သူငယ်ချင်းနှစ်ယောက်ကြောင့်
Sehun Baekhyunနှင့် Kaiတို့မှာလည်း အဆင်မပြေလှ။ ဘယ်သူ့ဘက်ကပါလို့ပါရမှန်းမသိပေ။

နှစ်ယောက်လုံးကအဖြစ်မှန်ကိုမပြောဘဲ Hae Juကိုသာအဆုံးရှုံးမခံနိုင် ဝိုင်းလုနေကြသဖြင့်
ဤအခက်အခဲကိုဖြေရှင်းရန်မှာ အမှန်တကယ်လိုအပ်လာပြီဖြစ်သည်။

Hae Juကလည်းဘယ်သူ့ကိုကြိုက်ပါတယ်လို့ ပွင့်ပွင့်လင်းလင်းမပြောဘဲ ဒီအခြေအနေမှာသာယာနေသည်။

ဒီအတိုင်းထားရင် ပိုဆိုးတော့မည်။

ထို့ကြောင့် Sehunဦးဆောင်ကာ Kris Chanyeol Hae Juတို့သုံးယောက်ကို စာလှမ်းပို့လိုက်သည်။

"ကျောင်းပန်ခြံမှာ ညနေကျောင်းဆင်းရင် တွေ့ကြရအောင်"

❇ ❇ ❇ ❇ ❇ ❇ ❇ ❇ ❇ ❇ ❇ ❇ ❇ ❇ ❇ ❇ ❇ ❇

Soulmate[KrisYeol]Where stories live. Discover now