Chapter 19: အနိုင်ရသူအချစ်ယူ

1.9K 219 42
                                    

ဒုတိယအချိန်မှာတော့ ကျွန်တော်တို့နှစ်ယောက်လုံး အပြင်းအထန်ကြိုးစားပါတယ်။ Chanကလည်းအလျှော့မပေးဘူး ကျွန်တော်ကလည်း လုံးဝကိုအရှုံးမခံတော့ဘူး။

"ဟေးး "
"Wu Yi Fan "

"Park Chanyeol"

အားပေးသံတို့က ပြိုင်ပွဲရဲ့နောက်ဆုံးsecondအထိကို ပျံလွင့်ဆဲ....

ဒီလိုနဲ့ ပြိုင်ပွဲပြီးသွားခဲ့တယ်။

စည်းကမ်းအရတော့ တစ်ယောက်ကပျော်ပြီး တစ်ယောက်ကဝမ်းနည်းရမယ်။

Kris Yeolနှစ်ယောက်အတွက်ကတော့ ဘယ်သူပဲနိုင်နိုင် ဝမ်းနည်းရမှာပဲ။

Chanသည် ကွင်းထဲကိုအော်ဟစ်ပတ်ပြေးနေတဲ့ Krisကိုကြည့်ပြီး ပြုံးနေသည်။ ကျောင်းသားတွေက Krisကိုမပြီး မြှောက်နေကြသည်။

ဟုတ်ပါသည်။ ဒီBaskballပြိုင်ပွဲရဲ့ အနိုင်ရတဲ့သူက Krisပဲဖြစ်လေသည်။

သူအဲ့လောက်ပျော်တယ်တဲ့လား အဲ့လောက်ပျော်နေတော့လည်း ကိုယ်ရှုံးသွားတာကိုက ဝမ်းသာရမလို။ ငါနောင်တမရပါဘူးကွာ မင်းရဲ့အချစ်အတွက် ငါဂုဏ်ယူပါတယ်။

"အဆင်ပြေရဲ့လား Chanyeol"

"ရပါတယ် Baekhyunရာ ငါအဆင်ပြေပါတယ်"

"Oppa ညီမစိတ်မကောင်းပါဘူး ဒါပေမဲ့ပြိုင်ပွဲအရ"

"ငါနားလည်ပါတယ် Hae Juငါ့ကိုစိတ်ထဲထားမနေပါနဲ့"

ကျွန်တော်လှည့်ထွက်လာလိုက်သည်။ သူအောင်ပွဲခံနေတဲ့အချိန် ရှိမနေချင်ဘူး...ဒီလောက်တော့ အတ္တကြီးလို့ရပါတယ်နော့....

"Chan"

"Chanနေဦးလေ"

"Chan ငါခေါ်နေတယ် နေဦးဆို"

မကြားချင်ယောင်ဆောင်ပြီးထွက်လာတာတောင် ဇွတ်တွေလာခေါ်နေတာ။

"ဘာလဲ မင်းနိုင်သွားပြီပဲ ငါ့ကိုဘာလို့လာခေါ်နေတာလဲ"

"ငါနိုင်သွားပြီလေ မင်းကဘာလို့ထွက်သွားမှာလဲ"

"ဟ မင်းနိုင်မှတော့ငါသွားရမှာပေါ့ Krisရ ဆက်နေပြီးငါကဘာလုပ်ရမှာလဲ"

ဒီကောင်ကျွန်တော့်ကို ဘေးနားထားပြီးနှိပ်စက်မလို့လားမသိဘူး။ မနေဘူးဟေ့ မနေဘူး။

Soulmate[KrisYeol]Where stories live. Discover now