Chapter 23

1.7K 174 12
                                    

စားပွဲပေါ်တင်ထားတဲ့ အစားအသောက်တွေကအစုံအလင်။ ဆူရှီ ဒါကကျွန်တော့်အကြိုက်...တူနဲ့ညှပ်ကာ စားလိုက်သည်။ နောက်ထပ် ကိတ်မုန့် ရေခဲမုန့်တွေကလည်း အလျှံအပယ်...

ကိစ္စမရှိ ဗိုက်ကဆံ့သေးသည်...စားလို့ရသေးသည်။

တူနဲ့ညှပ်စားလိုက်.. ရေခဲမုန့်လေးတစ်ဇွန်းမြည်းလိုက်...အင်း....ကောင်းတယ်...

ဒီမုန့်လေးကလည်းမဆိုး....အ..အားးး....

လက်ဖမိုးဆီက နာကျင်မှု..သွားနဲ့ကိုက်တာဆိုတော့ ရုတ်တရက်ယောင်ပြီး ထအော်ခြင်း

တရားခံကတော့..Kris ကို့ဘာသာအေးအေးလူလူမုန့်စားနေတာကို ဘာကိစ္စခွေးစိတ်ပေါက်တာတုန်း။

"Yarrr Kris ငါ့ကိုဘာလို့ကိုက်တာလဲ"

"အူယားလို့ပါကွာ"

"အူယားတိုင်းကိုက်စရာလား နာတယ်"

ဒါတောင် လွှတ်မပေးသေးဘူး။ လက်ချောင်းတွေကို တတိတိနဲ့ကိုက်နေသေးတာ။ မနာပေမဲ့ လူကယားတယ် ရိုးတိုးရွတနဲ့...

"Krisတော်တော့ မုန့်စားမှာဖြင့်မစားဘဲနဲ့"

ကျွန်တော်တို့နှစ်ယောက်လုံး ကျောင်းသားတွေ့ဆုံပွဲကိုရောက်နေကြခြင်းဖြစ်သည်။

ဒီပွဲမှာကျောင်းပြီးတည်းကမတွေ့ရတဲ့ သူငယ်ချင်းတွေကိုတစုတစည်းထဲ ပြန်မြင်ရသည့်အပြင်
ဆရာ ဆရာမတွေကိုလည်း ပြန်လည်နှုတ်ဆက်ခွင့်ရသည်။

ဒီအချိန်မှာ ကျွန်တော့်သူငယ်ချင်း တသိုက်
Sehun Kai Baekhyunတို့က...တွေ့သမျှသူငယ်ချင်းတွေ လိုက်နှုတ်ဆက်ကာ...ပျော်ပါးနေချိန်..

ကျွန်တော်ကတော့ ကျွေးမွေးတဲ့ မုန့်တွေငမ်းကာထိုင်စားနေပြီး..Krisကတော့ ကျွန်တော့်နားကပ်ကာ...လက်ကိုက်နေသည်။

"မင်းတို့နှစ်ယောက်လုံး ဒီတိုင်းပဲထိုင်နေတော့မှာလား ထပြီးလိုက်နှုတ်ဆက်လေကွာ"

Sehunရောက်လာပြီး ပြောတော့မှ သတိရသည်။ ဟုတ်တာပဲ....ပွဲထဲရောက်နေပြီး ထိုင်ချည်းပဲနေလို့မဖြစ်...

"ဟိုကောင် Kris မင်းလည်းလက်လွှတ်တော့ မင်းတို့နှစ်ယောက်က အမြဲတမ်းတွေ့နေရတာ...
သူငယ်ချင်းတွေက အခုမှတွေ့ရတာ လာ ထ.."

Soulmate[KrisYeol]Where stories live. Discover now