Chapter 20:အချစ်နေ့စွဲများ

2.1K 215 62
                                    

အတိတ်တို့သည် ချိုမြိန်ခဲ့လျှင်
လက်ရှိပစ္စုပ္ပန်သည် နေပျော်စရာကောင်းသည်။

Chanနဲ့ချစ်သူဘဝတစ်နှစ်ဟူသော အချိန်သည်
ပျော်ရွှင်ဖွယ်အတိဖြစ်ခဲ့သဖြင့် လက်ရှိကျွန်တော့်ဘဝသည် နေပျော်စရာကောင်းနေပါသည်။

RSဘဝရောက်နေသည်မှာ တစ်နှစ်ရှိပြီဖြစ်သော်လည်း ဘယ်တော့မှမငြီးငွေ့ခဲ့။ တကယ်တော့
RSဘဝဆိုသည်မှာ ပင်လယ်ရေလှိုင်းစီးရသလို နိမ့်သွားလိုက်မြင့်သွားလိုက် ခံစားချက်အဖုံဖုံဖြင့် ရင်တဖိုဖိုဖြစ်ရသော ဘဝဖြစ်သည်။

ဒါကိုRSတွေသာလျှင် နားလည်နိုင်သည်။

*Ring*

မနက်စောစောRSဋီကာဖွင့်နေသော စိတ်အစဉ်သည် ph vibrationသံကြောင့်သတိဝင်လာခဲ့သည်။

*Good morning Kris*

မနက်ဆိုအချိန်မှန်မှန်ရောက်လာသည့် သူ့ဆီက
morning message။ ကျွန်တော့်၏ တနေ့တာ စ လယ် ဆုံး သူပါမှအဓိပ္ပါယ်ရှိသည်ဆိုလျှင် ကျွန်တော်ပိုလွန်းရာကျသည်ဟု ထင်ကြမည်။

မပိုပါဘူး တကယ်ပါ RSရှိသူတိုင်းကဒီလိုပဲဆိုတာ RSသာရှိမယ်ဆိုရင် ကျွန်တော်ပြောတာ ပိုလွန်းတာမဟုတ်ဘဲ လိုတောင်လိုနေသေးသည်ဆိုတာ သဘောပေါက်ပါလိမ့်မည်။

*Good morning Chan😘😘*

*Ring *

*နိုးနေပြီဆိုလည်းထတော့လေ ဒီနေ့ကျောင်းစောစောလာခဲ့ မနက်စာစားမလာနဲ့နော် ငါဝယ်ကျွေးမယ် ဒါပဲ*

ကျွန်တော့်ချစ်သူသည် messageကိုဤသို့သာပို့တတ်ပါသည်။ သူပြောချင်တာအကုန်ပြောသွား ပြီးတာနဲ့ဒါပဲဟုဆိုကာ လိုင်းကျသွားတတ်ပါသည်။

ကျွန်တော်သည် Chanရဲ့အမိန့်များကို အကုန်လိုက်နာသည်။ နူးညံ့တဲ့အမိန့်တော်အတိုင်းပေါ့ဗျာ။

ဒါလည်းRSရှိတဲ့သူတွေမှ လိုက်နာလို့ရတာနော်။

ကျောင်းသွားတဲ့လမ်းတစ်လျှောက် စက်ဘီးလေးနင်းရင်း သဘာဝရဲ့အလှနဲ့လတ်ဆတ်တဲ့လေကို တဝကြီးခံစားလိုက်သည်။ ဒီလမ်းတွေပေါ်မှာ ကျွန်တော်နဲ့Chanရဲ့ခြေရာတွေရှိတယ်။ ဒီလမ်းတွေပေါ်မှာ ကျွန်တော့်တို့ရဲ့ ရယ်သံတွေရှိတယ် အနမ်းတွေရှိတယ်။

Soulmate[KrisYeol]Where stories live. Discover now