Chapter 13:ချစ်ခြင်းအစသဝန်တိုခြင်းက

1.8K 213 6
                                    

"ကိုယ်တို့နောက်ထပ်လူတစ်ယောက်ဆွဲသွင်းကြတာပေါ့"

ဟန်ပါပါအပြုံးတို့ရဲ့နောက်မှာတော့ Dafနှင့်Annတို့ရဲ့ မျက်လုံးတို့သည် သူတို့အရှေ့တွင်ထိုင်ကာ အထာပေးနေသော ကိုယ်စောင့်နတ်မလေး Lunaဆီသို့။ Lunaကို သူတို့နှစ်ယောက်ရဲ့အစီအစဉ်မှာပါဝင်ပေးရန် အကူအညီတောင်းရန်ဖြစ်သည်။

"ချစ်ခြင်းအစ မျက်ဝန်းက" ထိုအဆိုသည် Krisနှင့်Yeolနှစ်ယောက်အတွက် အသုံးမဝင်။ မျက်လုံးချင်းဆုံ ရင်ခုန်ပြီးချစ်သွားဖို့ဆိုသည်မှာ မျှော်လင့်လို့မရ။

"ချစ်ခြင်းအစသနားခြင်းက" ဤသည်မှာလည်းမဖြစ်နိုင်။ တစ်ယောက်နဲ့တစ်ယောက်ရန်ဖြစ်ရင်တောင် အလျှော့မပေးဘဲသတ်နေကြရာ သနားပြီးချစ်သွားဖို့ဆိုသည်မှာ ဝေး။

သို့သော် "ချစ်ခြင်းအစ သဝန်တိုခြင်းက"ဟူသော အဆိုကားဖြစ်နိုင်ချေရှိသည်။ ထိုအဆိုအတိုင်း အမှန်တကယ်ဖြစ်လာဖို့အကောက်အထည်ဖော်ရန်သာ လိုသည်။ ထို့ကြောင့် Dafနှင့်Annတို့သည် သူတို့နှစ်ယောက်ကြားသို့ နောက်ထပ်သူတစ်ယောက် ထပ်သွင်းရန်ဆုံးဖြတ်ကြသည်။ ထိုတစ်ယောက်ကြောင့်တစ်ယောက်နဲ့တစ်ယောက် သဝန်တွေတိုပြီးအချစ်တွေ ပွင့်ထွက်လာရန်ရည်ရွယ်သည်။

သို့သော် Daf နှင့်Annစီစဉ်ထားသလို ဖြစ်မဖြစ်ဆိုတာကတော့။

*****************************************

Guu HaeJu
သွက်သွက်လက်လက်နှင့် တက်ကြွစွာနေတတ်သောမိန်းကလေးတစ်ယောက်။ ယောကျာ်းလေးသာမက မိန်းကလေးအချင်းချင်းတောင် ကြွေချင်စရာကောင်းသော လှပသောမိန်းကလေး။ HaeJu၏ အစောင့်အရှောက်မှာ Lunaဆိုသော ကိုယ်စောင့်နတ်မလေးဖြစ်သည်။

Lunaသည်လည်း လှပသောမိန်းကလေး၏ကိုယ်စောင့်နတ်ပီပီ ကျော့ရှင်းလှပသည်။ သူသည်Daffineဆိုသော ယောကျာ်းဆန်စွာ ခန့်ညားပြည့်စုံသည့် ကိုယ်စောင့်နတ်အားကြိတ်ကြွေနေသော်လည်း အရေးပေးမခံရ။

သယခုမူ သူမအတွက်ကံကောင်းမှုရောက်လာသည်။ Daffineသည် သူမအားအကူအညီတောင်းခံလာသည်။ ထိုအကူအညီကို သူမမည်သို့မျှမငြင်းဆန်နိုင်။

Daffineစောင့်ရှောက်ရသော လူသား Park Chanyeolကို HaeJuစိတ်ဝင်စားပြီးကြိုက်လာအောင် လုပ်ပေးရန်။ ဒါသည်သူမအတွက်မခက်ခဲပါ။ အစွမ်းရှိသော ကိုယ်စောင့်နတ်မအတွက် ဒါသည်ပါမွှား very easyဖြစ်သောကိစ္စ။ ထိုeasy goingကိစ္စလေးလုပ်ပေးရုံဖြင့် Daffineဆီကအရေးပေးမှုခံရမည်ဆိုတော့ သူမအတွက်အလွန်ကံကောင်းသည်ဟုပဲဆိုရပေမည်။

Soulmate[KrisYeol]Tahanan ng mga kuwento. Tumuklas ngayon