Chapter 10: မဖြစ်နိုင်ဘူး၊မယုံကြည်နိုင်ဘူး

1.8K 217 16
                                    

"အရှင့်ရဲ့ဖူးစာရှင်ဘယ်သူဆိုတာ သိနိုင်မဲ့နည်းတစ်နည်းတော့ရှိပါတယ်အရှင်"

Annieရဲ့စကားသံကိုပြန်လည်ကြားယောင်တော့ ကျွန်တော့်စိတ်ထဲတစ်မျိုးကြီးပဲ။ ယခုထိမယုံကြည်နိုင်သလိုဖြစ်နေတုန်း။ ဘယ်သူများဖြစ်နိုင်လဲလို့ စဉ်းစားမိတော့ရင်တုန်သလို ရင်ခုန်သလို။  မသိသေးသောအနာဂတ်ကိုကြိုတင်စိတ်ကူးမိရင်း နှုတ်ခမ်းသားတို့သည်အလိုလိုပြုံးမိသွားသည်။

Annieပြောသောနည်းလမ်းမှာ အခြားမဟုတ်ပါ။ လက်စွပ်တစ်ကွင်းဖြင့် ဖူးစာရှင်ရှာရန်ဖြစ်သည်။ ကျွန်တော့်၏အဘွားတွင် ကျွန်တော်ငယ်ငယ်က လည်ပင်းမှာဆွဲခဲ့သောလက်စွပ်တစ်ကွင်းရှိလေသည်။ အဘိုးပေးခဲ့သောလက်စွပ်ကို ထိုစဉ်ကကျွန်တော့်လက်နဲ့ ကြီးနေ၍ဆွဲကြိုးဖြင့်လည်ပင်းမှာဆွဲခဲ့ခြင်းဖြစ်သည်။

ထိုလက်စွပ်သည်ယခုအခါကျွန်တော့်လက်နဲ့တော်နေလောက်ပြီ။

Annieကပြောသည်

ထိုလက်စွပ်ကို ကျွန်တော့်ရဲ့ဖူးစာရှင်တစ်ယောက်တည်းသာလျှင် ကျွန်တော့်လက်မှချွတ်နိုင်သည်

တစ်ခြားသူများမည်သည့်နည်းနဲ့မှ ကျွတ်အောင်မချွတ်နိုင်တဲ့။

ထိုအကြောင်းသည်ယုံရခက်သော်လည်း ကျွန်တော်စမ်းသပ်ကြည့်ချင်သည်။

သို့သော်သိပ်တော့မလွယ်ကူ။ လက်စွပ်ရဖို့အရေး Seoul နှင့်ဝေးသော နယ်ဘက်တွင်နေထိုင်သည့်အဘွားဆီသို့သွားလည်ရဦးမည်။ လက်စွပ်ရသည်ပဲထား ကျွန်တော့်ရဲ့ဖူးစာရှင်ဟုတ်မဟုတ် လူတကာနှင့် စမ်းသပ်ရဦးမည်။ မလွယ်ကူသော်လည်း တစ်ခြားနည်းလမ်းမရှိသည်မို့.....

ဒီတစ်ပတ်ကျောင်းပိတ်ရက်တွင် အဘွားဆီသို့သွားလည်ချင်ကြောင်းပြောတော့ အမေကလွယ်လွယ်လက်မခံ။ သို့သော်နောက်ဆုံးမှာတော့ အမေပါအတူလိုက်မယ်ဟုဆိုကာ အဆင်ပြေသွားလေသည်။

❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇

ကျောင်းပြန်ဖွင့်သောရက်သို့ရောက်လာသောအခါ

ကျွန်တော့်လက်တွင် လက်စွပ်လေးတစ်ကွင်းရောက်နေပြီဖြစ်သည်။

Soulmate[KrisYeol]Unde poveștirile trăiesc. Descoperă acum