>>TWENTY-SIX<<

Začít od začátku
                                    

"ဘာတဲ့လဲ ပတ်​ဂျင်​ဝူးက"

သူ့အ​မေးကို မင်​​ဆော့က ​မှောင်​ကုတ်​ကုတ်​​လေးနဲ့
ပြန်​​ဖြေသည်​ ။

"​နည်းနည်းဖျားချင်​​နေလို့တဲ့​လေ"

ပတ်​ဂျင်​ဝူးမှ​ကျောင်းမလာရင်​ မင်​​ဆော့အတွက်​ အ​ဖော်
မဲ့​တော့မည်​ ။ရှိတာမှရှားရှားပါးပါးသူငယ်​ချင်း​လေး
တ​ယောက်​။ သူမှ​ကျောင်းမလာ​တော့ မင်​​ဆော့
အတွက်​ အထီးကျန်​​စေပြီ။ မင်​​ဆော့ ညည်းညူကာ
ဖုန်းကိုလွယ်​အိတ်​ထဲထိုးထည့်​​နေတုန်း ​ဘေးနားက
မိန်းက​လေး​တွေအသံ​ညောင်​စိစိ​တွေကနားထဲ
ကန့်​လန့်​တိုက်​ပြီးဝင်​လာ​တော့သည်​။

||မိုက်​လိုက်​တာ !! လုံးဝငါ့စတိုင်​ပဲ||

||ကားအ​ကောင်းစား ၊ လူကလဲအမိုက်​စား ၊ အပြင်
ကိုသာထွက်​လာလိုက်​ရင်​​သိပ်​​ကောင်းမှာ|||

မိန်းမ​တွေများ သူ့ကို​ကျော်​ပြီး ကားထဲကမျက်​နှာပိုင်း
လောက်​ပဲမြင်​​နေရတဲ့အိုဆယ်​ဟွန်းကိုသွားဘူးတယ်​။
အိုဆယ်​ဟွန်းကလဲဘယ်​​လောက်​ဆု​တောင်း​ကောင်း
လိုက်​သလဲ။တွေ့သမျှမိန်းက​လေးတိုင်း မျက်​စိမကျတာ
မရှိ။

"လာ ကား​ပေါ်တက်​ အတူသွားမယ်​"

"ရတယ်​ ဘတ်​စ်​ကား​စောင့်​စီးမယ်​"

မျက်​နှာအမူအရာကဆူဆူပုတ်​ပုတ်​။ သူ့ဘက်​ကို
မကြည့်​​တော့ဘဲဘတ်​စ်​ကားလာမည့်​ဘက်​ကိုပဲ
လည်​တဆန့်​ဆန့်​လိုက်​​နေပုံက ရယ်​ချင်​စရာ ။

"မင်​​ဆော့ ! ကိုယ်​ လာ​ပွေ့ချီလိုက်​ရမလား ဟမ်​"

သူနည်းနည်း​လေး ​အော်​​ပြောလိုက်​​တော့ ​ဘေးနားက
မိန်းက​လေးအုပ်​စုက အထူးအဆန်းရုပ်​​တွေနဲ့
မင်​​ဆော့ကိုဝိုင်းကြည့်​လာကြပြန်​သည်​။ သူတို့က
ဘာ​တွေလဲ? ဆိုတဲ့တီးတိုးသံ​တွေနဲ့ အကဲခတ်​​နေ
ကြပြန်​သည်​။

"မင်း!! "

သူ့စကားက သည်​ထက်​ပိုလို့ဘာမှဆက်​ထွက်​မလာ။
လက်​ညိုးထိုးအံကြိတ်​ပြလိုက်​ရုံမှအပ ။ အိုဆယ်​ဟွန်း
က​တော့ကားထဲက​နေသူ့အဖြစ်​ကိုပြုံးပြုံးကြီးကြည့်
နေ​လေရဲ့။ ကား​​ပေါ်တက်​မလာတဲ့မင်​​ဆော့​ကြောင့်
အိုဆယ်​ဟွန်းထပ်​ခြိမ်း​ခြောက်​လိုက်​သည်​။

Come And Find MeKde žijí příběhy. Začni objevovat