Ch.49 : Eat You Up ( Part.2)

Start from the beginning
                                    

ကံကြီးပေလို့ သူ Charles နဲ့ အတူနေနေရမယ့် အချိန်က တစ်လပဲ ဖြစ်ပေလို့ ။ ဒီ့ထက်ကြာကြာသာ ဆက်နေရလို့ရှိရင်  Tang Feng တစ်ယောက် Charles ရဲ့ နူးနှပ်မူတွေကြောင့် ဒီအိပ်ရာထက်မှာပဲ သေဆုံးသွားနိုင်တယ် ။

" ကိုယ်ပြောတာ သေချာနားထောင် ချစ်လေး... ။ လူပျိုရည်ပျက်တာ မပျက်တာနဲ့ ပတ်သတ်လို့ ကိုယ်ဘာမှ အုံးမစားဘူး ။ အဲ့ဒီတော့ မင်း အတိတ်တုန်းက Lu Tian Chen နဲ့ ပတ်သက်ခဲ့တဲ့ နောက်ကြောင်းကို ကိုယ် ဗွေမယူဘူး ။ "

Charles လျှာဖျားဟာ Tang Feng ရဲ့ နားတစ်ဝိုက် ရွရွလေး ရွေ့လျားသွားတယ် ။ နားသန်သီးလေးကို ခပ်ဖွဖွလေး ကိုက်ပြီး လျှာနဲ့ ပွတ်သပ်လိုက်တယ် ။ သူ့ရဲ့ စကားသံဟာ စိတ်တွေလူပ်ရှားနေမူကြောင့် အနည်းငယ် တုန်ယင်နေတယ် ။

လက်တစ်ဖက်က Tang Feng ရဲ့ ခါးကို ခပ်တင်းတင်း ဖမ်းကိုင်ထားပြီး ၊ ကျန်တစ်ဖက်က တင်ပါးကို ဆုပ်ကိုင်ထားနေတဲ့ အနေအထားကနေ Charles ဟာ Tang Feng ရဲ့ ခြေထောက်တွေကြား ရွေ့ဝင်လိုက်ပြီးတော့ သူ့ရဲ့ကိုယ်ပေါ်မှာ ခွထိုင်တဲ့ အနေအထားမျိုးဖြစ်သွားအောင် Tang Feng ကို မချီလိုက်တယ် ။ ဒီအနေအထားမျိုးဟာ သူတို့နှစ်ယောက်စလုံးအတွက် ပထမဆုံးအကြိမ် စမ်းသပ်ကြည့်ကြချင်းပဲ ။ အခုလို နှစ်ယောက်သား ပတ်ဝန်းကျင်တစ်ခုလုံးကို မေ့လျော့ထားပြီး စိတ်ဇောအဟုန်ထက်သန်နေကြတာ တကယ့် ချစ်သူစုံတွဲတွေအလားပဲ ။

" ကျွန်တော်လည်း ဇီဇာမကြောင်ပါဘူး ။ အရင်တုန်းက ခင်ဗျား လူဘယ်နှစ်ယောက်နဲ့ အိပ်ခဲ့အိပ်ခဲ့ ၊ ခင်ဗျားမှာ ဘာကူးစက်ရောဂါမှမရှိဘဲ ကျန်းကျန်းမာမာရှိနေတယ်ဆိုရင် ကျွန်တော့်ဘက်က အေးဆေးပဲ ။ "

Tang Feng ဟာ Charles ရဲ့ လည်တိုင်ကို ပွေ့ဖက်လိုက်ပြီး နဖူးပြင်ကို အနမ်းပေးလိုက်တယ် ။ ကျေနပ်ပီတိစိတ်ကြောင့် Charles ဆီက ထွက်ပေါ်လာတဲ့ ညည်းသံ သဲ့သဲ့လေးကို ကြားလိုက်မိလေတယ် ။

" မင်း အခုလို နမ်းလိုက်တာမျိုးလေးကို ငါ အနှစ်သက်မိဆုံးပဲ ။ "

Charles ဟာ တစ်ဖက်လူရဲ့ ခါးနဲ့ ကျောပြင်ကို မြဲမြံအောင် ကိုင်မြောက်ထားပြီး ပါးပြင်နဲ့ နူးညံ့တဲ့ နူတ်ခမ်းပါးလေးတွေကို ဆာလောင်မွတ်သိပ်စွာ ပြင်းပြင်းရှရှ နမ်းရိုက်လေတော့တယ် ။

True Star (Myanmar Translation )Where stories live. Discover now