Ch.48 : Eat You Up ( Part.1 )

Start from the beginning
                                    

ပိုပြီး ဖြစ်ရပ်မှန်ဆန်ကာ လွမ်းဆွေးစရာကောင်းလှတဲ့  ဇာတ်လမ်းမျိုးဟာ ပရိသတ်တွေရဲ့စိတ်ကို ပိုပြီး ခံစားသွားစေနိုင်ပြီးတော့ ရင်ထဲမှာ တသသ ကျန်ရစ်စေခဲ့နိုင်တယ် ဆိုပေမယ့်လည်းပဲ Tang Feng ကတော့ အဆုံးသတ်မှာ ကြည်ကြည်နူးနူးနဲ့ သိမ်းသွားတဲ့ ဇာတ်လမ်းမျိုးကို ပိုပြီး သဘောကျတယ် ။ လက်တွေ့ ဘဝကြီးဟာ ဘယ်လောက်ပဲ ပင်ပန်းဆင်းရဲ အခက်အခဲတွေနဲ့ ကြမ်းတမ်းနေပါစေ ၊ ဒါတွေကို ရပ်တန့်အားငယ် အရူံးမပေးပဲ ဖြတ်ကျော်ရင်ဆိုင်သွားရမှာပဲလေ ။ ဒါဟာ တခြား ဘယ်လို အကြောင်းပြချက် ထူးထူးထွေထွေတွေကြောင့် မဟုတ်ပါဘူး ။ လူတိုင်းဟာ မနက်ဖြန်တွေမှာ ဘဝတွေ ပိုပြီး လှပသွားလိမ့်မယ်လို့ ယုံကြည်မျှော်လင့်နေကြလို့ပါပဲ ။

အအေးသောက်လို့ကော ရုပ်ရှင်ကြည့်လို့ကော ပြီးသွားတဲ့အခါမှာ Tang Feng ဟာ တဘတ်ပတ်ပြီး ရေချိုးခန်းထဲကနေ ထွက်လာခဲ့တယ် ။ အပြင်ဘက်မှာ Charles ရောက်နေတာကို ရုတ်တရက် မြင်လိုက်ရတော့ သူ့ အံသြသွားခဲ့ရတယ် ။ အရင်အချိန်တွေတုန်းက သူရရှိခဲ့တဲ့ အတွေ့အကြုံတွေအရ ထူးခြားတဲ့ ကိစ္စမျိုး မရှိပဲနဲ့ Charles ဘယ်တုန်းကမှ စောစောပြန်မလာဖူးဘူး ။

" ကိုယ့် အချစ်လေး.... "

Charles ဟာ လက်နှစ်ဘက်ကို ဆန့်တန်းရင်း Tang Feng ရှိရာဆီ လျှောက်လှမ်းလာတယ် ။

" မင်း ကိုယ်နံ့လေးက အရမ်းမွှေးတာပဲကွာ ။ "

လက်နှစ်ဖက်နဲ့ Tang Feng ကိုယ်ကို ပိုက်ထွေးရင်း Charles ဟာ တစ်ဖက်လူဆီက သင်းပျံ့ပျံ့မွှေးနေတဲ့ ဆပ်ပြာရနံ့ကို ကြည်ကြည်နူးနူး မွှေးကြူခံစားနေတယ် ။ Tang Feng ရဲ့ လည်တိုင်ထက်ဆီကို ခပ်ဖွဖွလေး ရိုက်နမ်းလိုက်တယ် ။

" ခင်ဗျား ဒီနေ့ ပြန်လာတာ စောလှချည်လား ? "

Charles ရဲ့ လက်တွေကို ဆုပ်ကိုင်ပြီးတော့ Tang Feng ဟာ အဲ့ဒီ ဝက်ဝံရဲ့ ပွေ့ဖက်ထားမူကနေ လွတ်မြောက်အောင် ကြိုးစားတယ် ။ Charles တစ်ယောက် ထူးထူးဆန်းဆန်း ရောဂါများ ရနေသလား ၊ ဒါမှမဟုတ် စိတ်ကော မှန်သေးရဲ့လား မပြောတက်ဘူး ။ ဘယ်တော့မဆို သူနဲ့ ဆုံလိုက်တဲ့ အချိန်တိုင်း မသိရင် သူတို့နှစ်ယောက် မဆုံတွေ့ကြတာ နှစ်ပေါင်းများစွာ ကြာမြင့်နေခဲ့ကြသလိုမျိုး အတင်းအကြပ် ဖက်ရမ်းနမ်းရူပ်နေတော့တာပဲ ။ လုပ်ရပ်တွေက လွန်လွန်းအားကြီးတော့ Tang Feng တစ်ခါတစ်ခါ Charles မျက်ခွက်ကို ဆောင့်ကန်ပစ်လိုက်ချင်မိတယ် ။

True Star (Myanmar Translation )Where stories live. Discover now