Chapter 16:အချစ်နှင့်အလွဲ

Start from the beginning
                                    

"ရှည်ရှည်ဝေးဝေးမပြောတော့ဘူး မင်းChanနဲ့ဝေးဝေးနေ"

"ကျွန်မကဘာလို့ဝေးဝေးနေရမှာလဲ"

ပြန်ပြီးမေးနေသေးတယ်....ထင်တယ်အလွယ်တကူပြောလို့မရမှန်း...

"ဝေးဝေးနေဆိုနေလိုက်ပေါ့ ဖြစ်နိုင်ရင်မပတ်သတ်နဲ့ Hae Ju ပြီးမှငါ့အဆိုးမဆိုနဲ့နော်"

နည်းနည်းပါးပါးတော့ ခြိမ်းခြောက်ပေးရမယ်။ သူမကြောက်နေတာဆိုတော့ ကျွန်တော်ခြိမ်းခြောက်တာ အရာရောက်လောက်ပါရဲ့။

Hae Juမေးလိုက်တဲ့စကားတစ်ခွန်းက လှည့်ထွက်သွားမယ့် ကျွန်တော့်ခြေထောက်တွေကို ရပ်တန့်သွားစေတယ်။

"ဘာဖြစ်လို့လဲ သဝန်တိုနေတာတော့မဟုတ်ပါဘူးနော်"

ကျွန်တော့်ရှေ့ကို မျက်နှာကပ်ပြီးခပ်ပြုံးပြုံးပြောနေတာ ကျွန်တော့်ပုံစံက အဲ့လောက်သိသာနေလား....ခုနကတော့သူမကကြောက်နေတဲ့ပုံနဲ့။ အခုကျတော့ကျွန်တော့်အားနည်းချက်ကို သိသွားသလိုပုံကြီး။

"မင်းဖယ်စမ်း ဘာတွေလာပြောနေတာလဲ"

"မညာပါနဲ့ရှင် ဝန်ခံလိုက်စမ်းပါ ကြိုက်ရင်ကြိုက်တယ်ပေါ့"

ဘာကိုဝန်ခံခိုင်းနေတာလဲ Chanကိုချစ်တယ်လို့လား...
မဖြစ်နိုင်တာ ဒါသူ့ကိုဝန်ခံရမယ့် ကိစ္စမှမဟုတ်ပဲ။ ဝန်ခံချင်းဝန်ခံ Chanကိုသွားဝန်ခံရမှာပေါ့။

အဲ...Chanကိုကြိုက်နေလို့လို့မထင်ပဲ သူမကိုကြိုက်နေတယ်လို့ ထင်တာလည်းဖြစ်နေနိုင်တယ်လေ....ဒါဆိုနှစ်ခါစဉ်းစားစရာလည်းမလိုဘူး။

ဒီအခြေအနေကလည်းလွတ် သူမလည်းChan
နားကဝေးဝေးနေစေအောင်

ကျွန်တော်Hae Juကိုနမ်းလိုက်သည်။ ဘာခံစားချက်မှမပါတဲ့ ခပ်လွယ်လွယ်အနမ်းတစ်ခုက ဒီအခြေအနေတွေအားလုံးကို ဖြေရှင်းနိုင်မယ်လို့ ထင်တယ်။

သူမကထင်သွားမှာပေါ့ ကျွန်တော် သူမကိုကြိုက်နေတယ်လို့ ဒီထက်ပိုပြီးပြောရရင် ကျွန်တော်နမ်းတာကို မငြင်းဘဲလက်ခံနေတဲ့သူမဟာလည်း Chanနားထပ်ကပ်တော့မှာ မဟုတ်ဘူးဆိုတာပါပဲ.....

"ဒီလောက်ဆိုမင်းသဘောပေါက်သင့်တယ် Chanနဲ့ဝေးဝေးနေ"

အောင်နိုင်သူအပြုံးနဲ့လှည့်အထွက်မှာ ကျွန်တော်Chanကိုတွေ့လိုက်ရတယ်။ အံသြမှင်သက်နေတဲ့မျက်နှာလေးနဲ့ စိုက်ကြည့်နေတဲ့ Chan....

မြင်သွားပြီလား ကျွန်တော်Hae Juကိုနမ်းတာ မြင်သွားပြီလား...

ပြေးထွက်သွားတဲ့သူ့နောက်ကို အသည်းအသန်လိုက်မိတယ် အထင်မလွဲပါနဲ့Chanရယ် ငါအားလုံးရှင်းပြပါ့မယ်။

⏩⏩⏩⏩⏩⏩⏩⏩⏩

PCY🔥

ဘာကြီးလဲ ကျွန်တော်မြင်လိုက်ရတာ ဘာကြီးလဲ

"Kris မင်းကြိုက်နေတာ ငါမဟုတ်ပဲHae Juလား အဲ့ဒါကြောင့်သဝန်တိုနေတာလား ငါ့ကိုကြိုက်နေတာမဟုတ်ဘူးလား"

ကျွန်တော်ဒီအတောတွင်း အထင်မှားနေခဲ့တာလား.....

ကျွန်တော့်ကိုချစ်လို့လို့ထင်နေခဲ့တာ အခုတော့အကြီးကြီးမှားတာပဲ..

Hae Juနားကပ်နေတဲ့ ကျွန်တော့်ကိုKrisဘယ်လိုထင်နေလိမ့်မလဲ.... မုန်းပြီးအမြင်တွေကပ်နေမှာပေါ့.....

ဒါကိုကျွန်တော်ကမသိဘဲ..

ရင်ထဲမှာရှက်ရွံခြင်းနှင့်အတူအချိုးကျထွက်လာတဲ့ ဒေါသတွေ

သူ့ကောင်မလေးကို ဂျေဝင်လို့ငါနဲ့ဝေးဝေးနေခိုင်းတာပဲ

"Chan"

အနောက်ကနေလှမ်းခေါ်လိုက်တဲ့ Krisအသံကြောင့် ဝဲတက်နေတဲ့မျက်ရည်စတွေကို ချက်ချင်းသုတ် မျက်နှာကိုပြင်လိုက်တယ်။

"Chan ခုနကလေ"

Chanတဲ့ အဲ့အသုံးလေးငါကသာယာနေတာ ဒင်းကငါထင်သလိုမှမဟုတ်ဘဲ

"ဘာမှမပြောနဲ့ မကြားချင်ဘူး"

"ငါတောင်းပန်ပါတယ် အမှန်ကလေ"

"မင်းကြိုက်နေတယ်ဆိုလည်း အစတည်းကပွင့်ပွင့်လင်းလင်းပြောပါလား"

Chanသည် Kris Hae Juကိုကြိုက်နေသည်ထင်သွားသည်။ Krisဒါကိုမဟုတ်ကြောင်း ပြန်ရှင်းပြဖို့လုပ်သည်။

"ငါ့အချစ် ငါ့မျှော်လင့်ချက်တွေပျက်စီးအောင်လုပ်တဲ့ မင်းကိုမုန်းတယ် ကျေလည်းမကျေနပ်ဘူး
မင်းHae Juကိုဘယ်တော့မှမရစေရဘူး ငါ့အချစ်ကိုဖျက်ဆီးခွင့်မပြုနိုင်ဘူး"

ပြောချင်တာပြောပြီးသွားသော Chanသည် နေရာမှလှည့်ထွက်သွားသည်။ Krisသည်လည်းအဖြစ်မှန်ကို ရှင်းမပြခဲ့ပါ။
Chanသည်လည်း Hae Juကိုကြိုက်နေသဖြင့် သူကလုယူသည်ထင်ပြီး စိတ်ဆိုးသွားသည်ဟု ထင်နေသောကြောင့်ပင်။

အမှန်တရား အဖြစ်မှန်ကိုတော့ သူတို့ရဲ့ကိုယ်စောင့်နတ်တွေသာ သိပါလိမ့်မည်။


ချစ်နေကြတာလည်းဟုတ်သည် အချစ်ကိုအဆုံးရှုံးမခံနိုင်ကြတာလည်းတူသည်။ သို့သော် လွဲနေတာတော့ လွဲနေတာပဲဖြစ်သည်။


















Soulmate[KrisYeol]Where stories live. Discover now