အခန်း(၂)(ဂ)

Start from the beginning
                                    

"ငါ စဉ်းစားတာက....''

ထျန်းယျန်က လိုရင်းကို ပြန်ပြောတယ်။

"တခါတလေ ခန္ဓာကိုယ် ချင်းထိတာကတော့ ရှိမှာပေါ့ ''

"ဒါပေမယ့် ရှင်ပြောတာက.....''

"ငါပြောတာကို ငါသိတယ် ''

ထျန်းယျန်ဟာ သူမ မျက်လုံးတွေကို စိုက်ကြည့်ရင်း
ပြောလိုက်တယ်။ ဒီခဏမှာ သူမရဲ့ ဘာ့ကြောင့်
ပျော်ရွှင်ရလဲဆိုတာကို ရှင်းရှင်းလင်းလင်း
သဘောပေါက်သွားတော့တယ် ။

"မစိုးရိမ်ပါနဲ့.....အရာအားလုံးက သရုပ်ဆောင်နေတာပါ ...

မင်းရဲ့ ဘဝအတွက် မင်းရဲ့ကိုယ်ကျင့်တရားကို

ဘာမှ စိုးရိမ်စရာ မလိုဘူး...''

" ကောင်းပြီလေ... !''

ဂျီယီဟာ ဒါပဲ ပြောနိုင်တော့တယ်။
သဘောတူညီမှုရပြီး နှစ်ယောက်သား တစ်ဖန်
ပြန်တိတ်သွားတယ်။
သူမ ထျန်းဖုန်းခြံကိုမြင်ရင် ဘာပြောမလဲ မသိဘူး?
ထျန်းယျန်ဟာ သူ့ဘေးမှာ ခပ်မတ်မတ်ထိုင်နေပြီး
သူ့ကို ခဏခဏ ခိုးကြည့်နေတဲ့ သူမကို
တစ်ချက်တော့ ခိုးကြည့်လိုက်တယ်။
သူမကတော့ သိမှာမဟုတ်ဘူး။
ဖျတ်ခနဲ အကြည့်တစ်ချက်ကအစ....
သူမရဲ့ အကြည့်တိုင်းကို သူသိနေတယ်ဆိုတာ...

တကယ်တော့ ထျန်းဖုန်းခြံဟာ ယွန်မိသားစုရဲ့ အိမ်မကြီးနဲ့
သိပ်မဝေးပါဘူး။ဒါပေမယ့် အခု လက်ရှိမှာတော့ လူမနေတဲ့
အတွက် မလှတော့ပါဘူး။
အနားယူဖို့ နေရာလေးတစ်ခုမျှသာပဲ။
မြက်တွေကို သိုလှောင်ဖို့ ၊ အသုံးမလိုတဲ့ ပစ္စည်း တွေကို
ထားဖို့ အတွက် တိုင်နည်းနည်းနဲ့ ဆောက်ထားတဲ့
ရွှံတဲလေးတစ်ခုပါ ။
ဒီလိုအရာတွေကတော့ အဆင့်အတန်း မြင့်ပြီး
အထူးအခွင့်အရေး ရရှိနေတဲ့ သခင်မလေး ရဲ့
စိတ်ကူးနဲ့တော့ ဘာမှ ဆက်စပ်လို့ မရနိုင်ဘူး။
ဒါပေမယ့် သူမမျှော်လင့်ချက် ကုန်ဆုံးလေ...
သူမအတွက် ပိုကောင်းလေပဲ...

ကြည့်လိုက်ပါ....သူမအသံတိတ်နေတယ်။
အိမ်ကို သွားရမလား...မသွားရဘူးလား....
တွေးဆနေပုံပဲ။

" နားထောင်ပါ လင်ရှုယျန်... ''

"ကျွန်မကို ယီ လို့ခေါ်ပါ...''

ဟန်ဆောင်သတို့သမီး(Myanmar translation)Where stories live. Discover now