Chapter 13:ချစ်ခြင်းအစသဝန်တိုခြင်းက

Start from the beginning
                                    

ထိုသို့နတ်သုံးပါးတို့၏ စွမ်းဆောင်မှုဖြင့် HaeJuဆိုသော လှပသည့်မိန်းကလေးသည်
Krisyeolနှစ်ယောက်ကြားသို့ ဝင်ရောက်လာလေသည်။

*****************************************

ဆရာရှင်းပြသွားသော Mathတွက်စာများမှာ ကျောင်းသားများအတွက် အရမ်းခက်ခဲလွန်းသည်။ Kris Chanyeol Sehun Baek နှင့်Kaiတို့ သူငယ်ချင်း ငါးယောက်လုံးသည်စုပေါင်းထိုင်ကာ ပုစ္ဆာများကိုအတူတူဖြေရှင်းနေကြသည်။

"ဆရာSuhoသင်သွားတာတွေက ခက်လိုက်တာကွာ" ဖောင်တိန်ကိုက်ကာ ညည်းညူနေသောBaekမျက်နှာလေးသည် ဇီးရွက်လောက်သာရှိနေတော့သည်။ မျက်နှာကိုအိုချထားသော Kaiကလည်း

"တစပုဒ်ပဲတွက်ပြပြီး ကျန်တာတွေအိမ်စာပေးသွားတာ ငါတို့်ကိုအိုင်းစတိုင်းမြေးတွေများမှတ်နေတာလားမသိဘူး"

"မင်းတို့ကလည်းအဲ့လောက်ညည်းမနေပါနဲ့ငါတစ်ယောက်လုံးရှိပါတယ်"

ကော်လံလေးပင့်တင်ကာ ပြုံးဖြီးဖြီးပြောနေသော Chanyeolသည်စာမရသောကျန်တဲ့သူတွေအားလုံးကို လူသတ်ချင်စိတ်ဖြစ်ပေါ်စေသည်။ သို့သော် Chanyeolကိုမသတ်ပါ သူ့ဆီမှသချာင်္များကူးရဦးမည်လေ။

"မင်းလိုhyperတစ်ယောက်ရှိတာ ငါတို့အရမ်းကံကောင်းတာပဲ" Sehunသည်ဤသို့မျက်နှာချိုသွေးကာ Yeolဆီမှရှိသမျှစာအကုန်ကူးတော့သည်။ ကျန်တဲ့သူများကလည်းထိုးနည်းလည်းကောင်းပင်။

ကျန်တဲ့သုံးယောက်ကစာအုပ်လုကူးနေတော့ Krisမှာကူးစရာမရှိသောကြောင့် Chanyeolကိုယ်တိုင် ပါးစပ်မှရှင်းပြပေးကာ ရေးခိုင်းနေသည်။

ဒီလိုဆိုတော့Chanyeolကချစ်စရာလေး
Krisတစ်ယောက်စိတ်ထဲမှာ ဂုဏ်တွေဆာ။ ဟိုကသေသေချာချာလေးရှင်းပြလိုက် သူမှားရင်လည်း

"ဒါကဒီလိုရေးရမှာ"ဆိုကာ လက်လေးနဲ့သေချာလေးထောက်ပြလိုက် သူ့ရှေ့မျက်နှာကြီးငုံ့ပြီး စာရှင်းရင်းရယ်ပြလိုက်ဆိုတော့ Krisရဲ့ရင်ထဲပန်းတွေပွင့်လိပ်ပြာလေးတွေဝဲလို့။

ထိုပန်းခင်းကြီးသည်ခဏအကြာတွင် အနုမြူဗုံးအကြဲခံလိုက်ရကာ မွစာကျဲစုတ်ပြတ်သွားလေသည်။ ထိုအနုမြူဗုံးလာကြဲသူသည်Kris yeolတို့ဝိုင်းသို့ စာအုပ်လေးကိုင်ကာရောက်ချလာလေသည်။

Soulmate[KrisYeol]Where stories live. Discover now