ONE

5.9K 423 28
                                    

ခမ်းနားတဲ့နေရောက်ခြည်အောက် တဖိတ်ဖိတ်တောက်နေလေသော Wu စံအိမ်တော်...

အိမ်ကြီးရှင်သခင်တို့၏ အရှိန်အဝါကြောင့်လည်း အိမ်တော်ရဲ့ခမ်းနားမှုဟာ ပိုပြီး တောက်ပြောင်လာလေရဲ့...

Wu Yifan,Wu Yixing, Wu Jongdae,Wu Baekhyun နှင့် အငယ်ဆုံးလေး Wu Kyung Soo ...
.စသည်ဖြင့် တောင့်တင်းခိုင်မာလှသော ညီအစ်ကို ငါးယောက်ဖြင့် ဖွဲ့စည်းထားလေသော
Wu အိမ်တော်....

အငယ်ဆုံးမို့ အဆိုးဆုံးလို့ သတ်မှတ်ရလေသော
Wu Kyung Soo ဆိုသည့် အနှီလူသားသည်
သူ့၏ ငါးမိနစ်ကြီးသော အမွှာအစ်ကို Wu Baekhyun နှင့် မတူညီစွာပင်
ဂျစ်တူးပလူးလေးဖြစ်လေ၏

မိဘတွေ မရှိတော့တဲ့ နောက်ပိုင်းမှာ
ဒီအစ်ကိုတွေကပဲ သူ့ကို အဖေလို တစ်မျိုး
အမေလို တစ်မျိုး ဂရုတစိုက်နဲ့ စောင့်ရှောက်ပြီး အလိုလိုက်ထားခဲ့သည်လေ

ငါးမိနစ်ပဲ ခြားတဲ့ အမွှာအစ်ကို Wu  Baekhyun ကတောင် သူ့ကိုယ်သူ အစ်ကိုကြီး လုပ်၍ Kyung Soo ကို အလိုလိုက်၏

အလိုလိုက်မှန်း သိလို့ ချွဲတတ်၏

အဆူမခံရမှန်း သိလို့ ဆိုးတတ်၏

ဂျစ်တူးပလူးလေး Do Kyung Soo သည်
Wu အိမ်တော်၏ အသက်ပင် ဖြစ်သည်

ရွှေစိတ်တော် တစ်စွန်းတစ်စ ညိုရုံနှင့်ပင်
အစ်ကိုဖြစ်သူများမှာ ပြာယာခတ်ကာ မျက်နှာပျက်ရ၏

သို့သော် ထိုကဲ့သို့ အရာရာ အလိုလိုက် အကြိုက်ဆောင်တတ်သော အစ်ကို စာရင်းတွင် Wu Yixing တစ်ယောက်တော့ မပါပါလေ....

သူအလိုမလိုက်လဲ ဘာဖြစ်လဲ

ကျန်တဲ့ အစ်ကို သုံးယောက်တောင် ရှိသေးတာပဲ .......

"Wu Kyung Soo!!!...ငါးမိနစ်အတွင်း အိပ်ယာက မထရင် မင်း ရဲ့ ဂိမ်းစက်တွေ အားလုံး ဟန်မြစ်ထဲ ရောက်သွားလိမ့်မယ်လို့ ငါ ရဲရဲ ကြီး အာမခံတယ်!!!!!!"

"အာ....ထပါပြီလို့
ထပါပြီ Dae Hyungရာ
ဘာလို့အဲ့လောက် ကြမ်းတမ်းစွာ အော်ငေါက်နေရတာလဲ
ကိုယ့်ရဲ့ အငယ်ဆုံး ညီလေးကို ...."

”အပိုတွေ မပြောဘဲနဲ့ မြန်မြန်ဆန်ဆန်ထစမ်း. ..
မနက်မနက် နှိုးရတာ သေမလိုပဲ  ကိုယ့်အသိစိတက်ဓာတ်နဲ့ကိုယ်
တစ်ရက်တစ်လေလေး ထပါဦးလား...ဟင် '

O.U.R.SWhere stories live. Discover now