TWO

3.6K 389 64
                                    

" Xing Hyung???
Dae Hyungကဘာလို့ လာမကြိုတာလဲ..."

နေ့စဉ်နေ့တိုင်း  ကျောင်းဆင်းချိန်ဆို လာကြိုတတ်သည့် Dae Hyung မဟုတ်တာကြောင့် လူက နှုတ်ခမ်းဆူပြီး ခြေဆောင့် ချင်လာ၏

Dae Hyung လာကြိုတဲ့နေ့ဆို ဘယ်တော့မှအိမ်တန်းပြန်ရသည် မဟုတ်

အမြဲ သူတို့နှစ်ယောက်စားချင်တာကို လိုက်ဝယ်ကျွေးပြီးမှ အိမ်ပြန်ကြတာ ဖြစ်သည်....

Xing Hyung ဆို အဲ့လို မုန့်လိုက်ဝယ်ကျွေးပါ့မလား

နဂိုကတည်းက သိပ်ကို တိကျတဲ့ ကိုတိကျကြီးဟာကို....

" Dae က ဒီနေ့ ဆေးရုံမှာ အရေးကြီးတဲ့ အစည်းအဝေးရှိလို့ Hyung လာကြိုတာလေ....ဘာလဲ Hyung လာကြိုတာ မကြိုက်ဘူးလား....??"

" အဲ့လို မဟုတ်ပါဘူး...Dae Hyung က ဒီနေ့ ရေခဲမုန့် ဝယ်ကျွေးမယ် ပြောထားလို့..."

ုပန်မေးလာသော Xing Hyung ရဲ့ လေသံမာမာအောက် ခပ်တိုးတိုး ပြန်ဖြေမိသည်မှာ Hyung အပေါ်ရှိသော ကြောက်စိတ်ကြောင့်သာ...

" အရင်အပတ်ကပဲ အချိုတွေ အစားများပြီး ချောင်းဆိုးထားတာ မမှတ်သေးဘူးလားငယ်လေး....
အဲ့လို အစားအသောက်ကို မဆင်ခြင်လို့ လူလေးက ပိစိလေးပဲ ရှိတော့တာပေါ့...."

ထင်တယ်...တွေ့လား Hyung က ငယ်လေးကိုချစ်ပါဘူးဆို
အမြဲ ဆူဖို့ပဲ သိတယ်....မုန်းချင်စရာကြီး...

" Xing Hyung ကလည်းလေ
ငယ်လေးကိုဆို တွေ့တာနဲ့ဆူနေတာပဲ
ငယ်လေးက Dae Hyung နဲ့ သဘောတူညီချက်ယူပြီးသားပါ Hyungရဲ့  Baek နဲ့ ငယ်လေးနဲ့ နှစ်ယောက်ပေါင်းပြီးမှ ရေခဲမုန့်တစ်ခွက်စားမှာ....နော့ ငယ်လေးရာ..."

အဲ့ Baekhyun ဟာလေ
သူ့ဘက်က ဝင်ပြောပေးနေတာလား
သူ့ကို စနေတာလား တကယ်မသဲကွဲဘူး

တစ်အိမ်လုံးက ငယ်လေး ငယ်လေး နဲ့ ဝိုင်းခေါ်ကြလို့ ငါးမိနစ်ထဲ ကြီးတဲ့ Baek ကတော့ မခေါ်ပါနဲ့လို့ ပြောတာ ပြောလို့ကိုမရဘူး...

သူ့ကိုယ်သူ အစ်ကို ကြီးလုပ်ရတာ တော်တော် သဘောတွေ့နေတာ

အတွေးနဲ့ အတူ မျက်စောင်းတစ်ချက်က Baek ဆီ လွင့်သွားတော့ ကိုယ်တော်ချောက ဇာတ်ကလေးပုကာ လူကို သွားစိပြလေ၏

O.U.R.SWhere stories live. Discover now