Ten

1.7K 262 20
                                    

"ငယ်လေး! "

Dae Hyung ရဲ့ ခပ်ဆောင့်ဆောင့်အသံကို ကြားရပေမယ့်လည်း ခေါင်းမြီးခြုံထားတဲ့ စောင်ကို ဆွဲမခွာခဲ့..
မသောက်ချင်တာကတော့ မသောက်ချင်တာပဲ..
အဲ့ဒီ ခါးတူးလန်နေတဲ့ ဆေးတွေကို Kyungsoo မုန်းသည်..

"ငယ်လေးရာ
ဆေးသောက်မှ ပျောက်မယ့်ကိစ္စကို ဘာလို့ဂျစ်နေရတာလဲ..
မြန်မြန်သောက် မြန်မြန်ပျောက်တာပေါ့..ဟင်
ငယ်လေးက လိမ္မာပါတယ်.."

စောင်ကို လှမ်းဆွဲလိုက်ရင်း Dae Hyung က ထပ်ပြောလာပြန်တော့
Kyungsoo လှဲအိပ်နေရင်းကနေ ငုတ်တုပ်ထထိုင်လိုက်သည်။

"Hyung ရာ
ငယ်လေးက နေကောင်းနေပါပြီဆိုမှ
အဲ့ဒီဆေးတွေ မသောက်ချင်တော့ဘူး.."

"ထားခဲ့ Dae! Hyung တိုက်လိုက်မယ်"

ခပ်အေးအေးစကားသံအဆုံး Dae Hyung က ဖြစ်ပါ့မလားဆိုတဲ့ အကြည့်နဲ့ Kyungsoo ကိုကြည့်လာသည်။

မဖြစ်လဲ ဖြစ်ရတော့မှာပါပဲ..
ဒီအိမ်ကလူတွေအကုန်လုံး
Xing Hyung ကို ဘယ်တုန်းကများလွန်ဆန်နိုင်ဘူးတာမှတ်လို့..

Dae Hyung ထွက်သွားသည်နှင့်တစ်ပြိုင်နက်
Xing Hyungက ပန်းကန်သေးသေးလေးထဲက ဆေးတွေကို လက်ထဲ ပြောင်းထည့်ရင်း
တစ်ဖက်ကလည်း ရေတစ်ဝက်လောက်ရှိနေသော ဖန်ခွက်ကို ကောက်ယူလိုက်သည်။

"ဆေးသောက်ရမယ် ငယ်လေး.."

"သားနေကောင်းနေပြီ..
မသောက်ချင်တော့ဘူး "

ခပ်လေးလေး သက်ပြင်းချသံတစ်ခုရဲ့အဆုံးမှာ ရေခွဲကို စားပွဲပေါ်ပြန်တင်ရင်း အားသွားတဲ့ လက်တစ်ဖက်နဲ့ Kyungsoo ခေါင်းကို ခပ်ဖွဖွ ပွတ်ပေးလာသည်။

ရုတ်တရက်ကြီး နူးညံ့သွားသော Hyung ကို Kyungsoo မျက်ခွံလေးပင့်တင်ပြီး ကြည့်လိုက်သည်။
ထူးဆန်းတယ်။
Xing Hyung ဘာဖြစ်နေတာလဲ...

"ကဲ..ပေါက်စလေး ဘာမှလျှောက်တွေးမနေနဲ့ ဆေးသောက်ပြီး အိပ်တော့...
မနက်ကျ ကျောင်းကို Hyung လိုက်ပို့ပေးမယ်..။"

လွန်ဆန်လို့လည်း မရတော့သည့်အဆုံး Xing Hyung လက်ထဲက ဆေးတွေကို ယူပြီး ပါးစပ်ထဲ အကုန်ပစ်ထည့်လိုက်တော့ အလိုက်တသိနဲ့ရေခွက်ကမ်းပေးလာသည်။ လည်ချောင်းထဲမှာ တစ်ဆို့နေတဲ့ ဆေးတွေကို ရေနဲ့ ခပ်မြန်မြန်မျှောချလိုက်သည်။ လျှာဖျားမှာတင်ကျန်နေခဲ့တဲ့ ခါးသက်သက်အရသာကြောင့် ရှုံ့မဲ့သွားတဲ့ သူ့မျက်နှာကိုကြည့်ရင်း Hyung ကရယ်ကာ ပါးစပ်ထဲကို ချိုချဉ်တစ်လုံး လာခွံ့လေသည်။

O.U.R.STahanan ng mga kuwento. Tumuklas ngayon