FOUR

2.8K 329 15
                                    

Sejong အထက်တန်းကျောင်း....

ကျောင်းစတက်ချိန်ဖြစ်သောကြောင့်
ကျောင်းဝန်းတစ်ခုလုံး မငြိမ်မသက်ဖြင့်
ပြာပန်းခတ်ကာ လှုပ်ရှားနေကြသည်...။

ကျောင်းကားနဲ့လာတဲ့သူ၊ အိမ်က ကားဖြင့်လိုက်ပို့တဲ့သူ၊သူငယ်ချင်းတွေနှင့်အတူတူ လမ်းလျှောက်လာသောသူ
စက်ဘီးလေးစီးကာ လာသောသူ စသည်ဖြင့် အမျိုးမျိုးအဖုံဖုံလူတွေကြားမှာ
Wu Kyungsoo နှင့် Wu Baekhyun ကတော့ဖြင့် Xing Hyung လိုက်ပို့သောကားကိုစီးကာကျောင်းလာ
ကြသောလူများဖြစ်လေသည်...။

Dae Hyung  ပရဟိတ လုပ်ဖို့ ထွက်သွားသည့်အချိန်တွင် ထုံးစံ အတိုင်း
Wu Kyungsoo ကို နှိုးမယ့်လူမရှိ...

အိပ်ရာထနောက်ကျတော့ မနက်စာစားတာပါ နောက်ကျ၏...။

မနက်စာကလည်း မစားလို့မရ....
မစားလျှင် ကိုကိုကြီးက စိတ်ဆိုးတတ်လေသောကြောင့်
ဘယ်လောက်နောက်ကျနောက်ကျ
မနက်စာကိုတော့ ငြိမ်ငြိမ်သက်သက်ထိုင်ကာ
စားရလေ၏...။

ထို့ကြောင့်ပင် shooting မရှိသောကြောင့် အိမ်မှာ အားနေသော Xing Hyung က သူတို့ နှစ်ယောက်ကို ကျောင်းပို့သည့် တာဝန်ကို ယူလိုက်ရခြင်းဖြစ်ပေသည်...။

Dae Hyung မရှိသမျှ ကာလပတ်လုံးတော့ ကိုကိုကြီးနဲ့ Xing Hyung က တစ်လှည့်စီ ကျောင်းလိုက်ပို့ပေလိမ့်မည်...။

Driver နဲ့ ကျောင်းပို့ဖို့ဆိုသည်မှာ
လုံးဝ(လုံးဝ)မဖြစ်နိုင်သော ကိစ္စပေမို့....။

"ငယ်လေး....ကျောင်းမှာ ပြသနာမရှာဘဲနဲ့
စာကောင်းကောင်းသင်...
Baek လေးကလည်း ငယ်လေးကို အလိုသိပ်မလိုက်နဲ့...ကြားလား..."

"Nae!!!"

Xing Hyung ရဲ့ စကားအဆုံး နှစ်ယောက်သား တက်ညီလက်ညီဖြင့် ပြိုင်တူ ပြန်ဖြေလိုက်ကြသည်......။

ဟုတ်သော်ရှိ မဟုတ်သော်ရှိ
လောလောဆယ် Xing Hyung စိတ်ကျေနပ်သွားဖို့သာ အရေးကြီးသည်...။

ကျောင်းမှာ မမွှေပဲ နေဖို့ဆိုတာကတော့......
Wu Kyungsoo တို့ရာဇဝင်မှာ မရှိခဲ့လေသော ကိစ္စဖြစ်သောကြောင့်....

.
.
.
.

.

ဆေးရုံအုပ်ကြီးရဲ့အကူအညီ
ီတောင်းမှုကြောင့် Jongin တစ်ယောက် Sejong အထက်တန်းကျောင်းသို့ ရောက်ရှိလာရ၏..။

O.U.R.SWhere stories live. Discover now