SEVEN

2.5K 335 55
                                    

Jonginကျောင်းကိုရောက်တော့
မနက် ၈ နာရီထိုးနေပြီ။
ဆေးခန်းထဲကို ရောက်ပြီး
လက်ဆွဲအိတ်လေးကိုချ ၊ကုတ်အင်္ကျီလေး ချွတ်ပြီးခါစပဲ ရှိသေး..Chanyeol Sam က ဝင်လာပြီး ကျောင်းအုပ်ကြီးခေါ်နေသည်ဟု ပြောသောကြောင့် ထိုင်တောင်မထိုင်နိုင်ဘဲ ကျောင်းအုပ်ကြီးရုံးခန်းသို့သွားရပြန်သည်။

"သြော်..Jongin Sam
လာထိုင်...Jongin Sam ကို အကူအညီတောင်းစရာလေး တစ်ခုလောက်ရှိလို့ ခေါ်ခိုင်းလိုက်ရတာ "

"ဟုတ်ကဲ့..ပြောပါ ဆရာကြီး "

"ကလေးတွေကို စာသင်ချိန်လေး တစ်ချိန်လောက် ဝင်ပေးနိုင်မလားလို့
ထွေထွေ ထူးထူးတော့ မရှိပါဘူး
ကျောင်းကျန်းမာရေး ပညာပေး သဘောမျိုးလေးပေါ့
အခု သူတို့အချိန်စာရင်းအရလွတ်နေတဲ့ အချိန်တစ်ချိန်ရှိတယ်... အဲ့ဒီ အချိန်ကို Jongin Sam ဝင်ပေးနိုင်မလားလို့ "

"ရပါတယ်ခင်ဗျ...ကျွန်တော်လည်း
ဆေးခန်းမှာတစ်ယောက်ထဲဖြစ်နေတာနဲ့ အတော်ပဲဖြစ်သွားတာပေါ့ "

"ဒီလိုဆိုရင်တော့ ကျေးဇူးတင်တာပေါ့  Jongin Sam ရယ်
ကလေးတွေက အရမ်းအဆိုးကြီးတွေမဟုတ်ပါဘူး
ကလေးဆိုတော့လည်း စကြ နောက်ကြ အဲ့လိုလေးတွေတော့ ရှိတာပေါ့
Sam အားရင် ဒီနေ့ကစပြီး ဝင်ပေးလို့ရမလား မသိဘူး "

"ဟုတ်ကဲ့... ကျွန်တော်ဝင်ပေးပါ့မယ် "

"ဒါဆို အချိန်စာရင်းကို Jongin Sam ရဲ့
mail ထဲကို ပို့ပေးလိုက်ပါ့မယ်"

"ဟုတ်ကဲ့...ဒါဆို ကျွန်တော့်ကို သွားခွင့်ပြုပါဦးခင်ဗျ..."

ရုံးခန်းထဲက ထွက်လာခဲ့ပြီး ဆေးခန်းကို ပြန်ရောက်ရောက်ချင်းပဲ Jongin mail စစ် လိုက်သည်။
ပထမဆုံး စာသင်ချိန်က ကြောင်ဖြူပေါက်တို့ အခန်းထဲပဲ ။
ချက်ချင်းပဲ ပြောရမည့် အကြောင်းအရာကို စဉ်းစားပြီး notes ထဲမှာ ခပ်သွက်သွက်ချရေးလိုက်သည်။
နည်းနည်းလေးမှားတာနဲ့ ကိုယ့်ကို ခွီဖို့စောင့်နေတဲ့ အကောင်ပေါက်တို့ သူငယ်ချင်းတွေကို သူနည်းနည်းတော့ ကြောက်ပါသည်။
ပြီးတော့  အခန်းထဲကို သူစာဝင်သင်မည်ဆိုလျှင် ဖြစ်သွားမည့် အကောင်ပေါက်ရဲ့ မျက်နှာလေးကိုလည်း မြင်ချင်သား...တကယ်ချစ်ဖို့ကောင်းမှာပဲ ။

O.U.R.SΌπου ζουν οι ιστορίες. Ανακάλυψε τώρα