FIVE

2.5K 312 16
                                    

Jongin တစ်ယောက် သူ့စကားအဆုံး မှာအထိတ်တလန့်ဖြင့်  ပလွတ်ခနဲ ပွင့်လာသော မျက်လုံးဝိုင်းဝိုင်းကြီးတွေကို
သဘောတကျဖြင့်ပင် ကြည့်နေလိုက်သည်။
သူခိုးလူမိသွားသော မခံချိမခံသာ မျက်နှာလေးက အသည်းယားစရာ။
သိသွားမှတော့ မထူးတော့ပါဘူးဆိုသည့် မျက်နှာပေးလေးဖြင့် ခုနက မျက်လုံးတောင်မဖွင့်နိုင်သော လူနာ ပေါက်စလေးဟာ ကုတင်ပေါ်ကနေ ဆတ်ခနဲ ထထိုင်လိုက်လေသည်။

"ခင်ဗျားကြီး သိနေတာလား..."

"ဟေး...ကြောင်ဖြူငယ်
ကိုယ်က မင်းအစ်ကိုနဲ့ရွယ်တူနော်
ပြီးတော့ အခုချိန်မှာ  မင်းတို့ကျောင်းက လုပ်အားပေးဆရာဝန်တစ်ယောက်၊
မင်းရဲ့အခေါ်အဝေါ်လေးကို နည်းနည်းလောက်  ပြင်သင့်တယ်လို့ မထင်ဘူးလား "

ဆူသလိုလိုဖြင့်ပြောလိုက်သော လေသံခပ်မာမာကြောင့် ထိုကလေးဟာ
သူ့ခန္ဓာကိုယ်ပေါ်မှာ လွှားခြုံထားတဲ့ စောင်စကို လက်နှစ်ဖက်ဖြင့် ကျစ်နေအောင်ဆုပ်ကိုင်လိုက်လေသည်။
ပြီးတော့မှ တစ်ခုခု ပြန်ပြောချင်ပုံရသော နှုတ်ခမ်းငယ်က ရှေ့ ကို စူပွပွဖြင့်ထွက်လာ၏။
တစ်အိမ်လုံးရဲ့ အလိုလိုက်ခံကလေးငယ်ဟာ
လေသံခပ်မာမာတွေကို သိပ်ပြီး ကျင့်သားရသေးပုံမပေါ်။

"ကျွန်တော်နဲ့ ခင်ဗျားနဲ့တွေ့တာ အခုမှ နှစ်ကြိမ်မြောက်ကို
ကျွန်တော်က ခင်ဗျားကို ဘယ်လိုခေါ်ရမှာလဲ!"

"ဟော...ပြောရင်းဆိုရင်းနဲ့ကို ခင်ဗျားလို့ထပ်ခေါ်ပြန်ပြီ။ ခုနက  မင်းသူငယ်ချင်းတွေ ကိုယ့်ကို ဘယ်လိုခေါ်သွားသလဲ ကြားတယ်မဟုတ်လား။ အဲ့လိုခေါ်ပေါ့..။"

"Sam လို့ခေါ်ရမှာ??
ခင်ဗျားက ကျွန်တော့်ဆရာမှ မဟုတ်တာ
မခေါ်နိုင်ပါဘူး!!!"

အင်း...ခေါင်းကတော့ အုန်းသီးက အဖေခေါ်ရလောက်အောင်ပင်မာသည်။
တစ်ပြိုင်နက်တည်းမှာပဲ ဆွဲပြီး ဖျစ်ညှစ်ချင်စရာကောင်းအောင်လည်း ချစ်ဖို့ကောင်းသည်။ ဒါကြောင့်လည်း တစ်အိမ်လုံးက သည်းသည်းလှုပ်ဖြစ်နေတာနေမည်။
ဘုကလန့်တွေပြောနေတဲ့ အချိန်မှာတောင် ဒီလောက်ချစ်စရာကောင်းနေတာ၊
သူချွဲနွဲ့တဲ့ အချိန်ဆိုရင်ဖြင့်
အချွဲနွဲ့ခံထိုလူသားဟာ
သူလိုချင်သမျှကို မဆိုင်းမတွပင် ဖြည့်ဆည်းပေးမှာ အသေအချာ။

O.U.R.SWhere stories live. Discover now