အပိုင်း ၂၇

Start from the beginning
                                    

ပြန်မော့ကာငဲ့ကြည့်ပြီးမှ

"စိတ်ဆိုးစရာ မရှိပါဘူး။ ဒီအတိုင်း..."

ဆက်မပြောတော့ပဲ ခပ်အေးအေးအပြုံးက
ကျွန်တော့် ကို နှုတ်ဆိတ်နေဖို့ ရာဇသံအလား။

"မှောင်နေပြီ သတိထားပြန် Bro"

ခြံပေါက်ဝရှေ့ထိ လိုက်ပို့ချင်ပေမယ့် ကားဂိတ်
ထိသာ ပို့ခိုင်းပြီး လမ်းကြားလင်းမှိန်မှိန်လေးထဲ
ဝင်သွားသော ကျောပြင်ပြန့်ပြန့်လေး။

ညလေညှင်းတစ်သုတ်ဖြတ်ကူးခဲ့တာတောင် ရင်ထဲအမောတို့ ပြေလျော့မသွား။
မှားလေပြီလား? ကျွန်တော်ဆိုသည်မှာလည်း
ဘယ်အရာကိုမှ မဖုံးကွယ်ထားချင်တော့ခက်
်သား။ နောက်ပြီး ကျွန်တော် ချစ်ရသူသည်
ကလေးဆန်သောရိုးသားမှုတွေနဲ့ရင့်ကျက်သော
စိတ်ထားတို့အား ပိုင်ဆိုင်ထားသော ယောင်္ကျား
လေးတစ်ယောက်ဆိုတာ ကျွန်တော်သတိလွတ်
သွားမိသည်လေ။

                 >>>>>NO<<<<<

အိပ်မက်လိုလို တကယ်လိုလိုနဲ့ ရင်းနှီးနေသော
သီချင်းသံ သဲ့သဲ့က ခေါင်းရင်းဆီမှ ထွက်လာ
သည်။

အိပ်မှုန်ဇုန်ဝါးစမ်းနေရင်းမှ ဖုန်းနဲ့အထိ အသိစိတ်
က အကပ်။ လူက ငေါက်ခနဲထထိုင်ရင်း

"ကလေး!"  ဟူ၍ ခေါ်မိသည်မှာ ကင်းစောင့်တပ်
သားရှေ့ တင်းရင်းမှူးရောက်လာသည့်ပမာ

"အိပ်နေတာလား?"

"အင်း...အဲ နိုးပြီ ပြောလေ"

ဖုန်းကိုနားမှ ခွာလျက် လင်းလာသော Screen
အားကိုးနှင့် ကြည့်မိတော့ နာရီပြန် ၂ချက်လင်းနေ
၏။

"အိပ်ပျော်နေနိုင်တာပေါ့"

"အဲ..."

သနားမိသည့်ကြားမှ မရယ်မိအောင်ထိန်းထားရ
သည်။ ကျွန်တော့်ကလေးက ညဥ့်နက်မှ ထရစ်
တတ်တဲ့ အမျိုးလေး။

"အိပ်ပျော်နိုင်တယ် ဆိုတာထက် အိပ်ပျော်အောင်
ကြိုးစားအိပ်နေရင်းက အောင်မြင်သွားတာ"

"ကျွန်တော်တော့ အိပ်မပျော်ဘူး။ ဒါကြောင့် Bro
ကို ဖုန်းဆက်တာ။ ရတယ် မလား?"

"ရတာပေါ့ ကလေးရ။ ပြောလေ ကလေးဘာပြော
ချင်လို့လဲ? ညနေကတွေ့တုန်းကလည်း ကို ပြော
ထားတာပဲ။ ဘယ်အချိန်ပဲ ဖြစ်ဖြစ် ပြောချင်လာပြီ
ဆို ဖုန်းဆက်ဆိုပြီး"

NO Where stories live. Discover now