WARNING !!!
THIS CHAPTER IS RATED SPG !!
******************************************************************************************************
Beam P.O.V
ဒီနေ့မနက်ကျွန်တော့ကိုForth ကျောင်းလိုက်ပို့ပြီးသူ့အဆောင်သူပြန်သွားတယ်။နောက်အပတ်ကျရင်သူတို့အရေးကြီးတဲ့စာမေးပွဲရှိလို့ဒီတပတ်လုံးForthတယောက်သူ့အဆောင်ကနေကျွန်တော့ကိုမနက်တခေါက်ညနေတခေါက်အပို့အကြိုလုပ်ချိန်ကလွဲပြီးအဆောင်မှာပဲစာကြည့်နေတက်တယ်။
ကျွန်တော်ကိုယ့်ဘာသာသွားမယ်ဆိုလဲပြောမရ။စာမေးပွဲကအရေးကြီးလို့သူကျွန်တော့အခန်းမှာလာနေချင်တာကိုစိတ်ထိန်းပြီးမလာမိအောင်ကြိုးစားနေရပေမဲ့ဒီလခဏတဖြုတ်လေးတောင်မတွေ့ရရင်သူဘလိုမှစာထဲစိတ်ထည့်ထားနိုင်မှာမဟုတ်ဘူးလို့ပြောလို့သူ့သဘောအတိုင်းပဲကျွန်တော်လက်ခံပေးလိုက်တယ်။
ကျွန်တော်ကိုယ်တိုင်လဲသူ့ကိုမတွေ့ရရင်မနေမှမနေနိုင်တော့တာကို။ဒီနေ့မနက်သူကျွန်တော့ကိုကျောင်းလိုက်ပို့တော့သူ့ပုံစံကတော်တော်ပင်ပန်းနေတဲ့ပုံစံမျိုး၊မျက်တွင်းတွေလဲကျနေတယ်။မျက်နှာတောင်ချောင်သွားသလိုပဲ။
ကျွန်တော်သူနေများမကောင်းလို့လားဆိုပြီးသူ့နဖူးကိုစမ်းကြည့်တော့ကိုယ်လဲမပူပါဘူး။ကျွန်တော်သူ့ကိုစိုးရိမ်ပြီးကြည့်မိတော့သူကကျွန်တော့ကိုတင်းနေအောင်ဆွဲဖက်ထားနေပြီးကျွန်တော့ပုခုံးပေါ်မှာမေးတင်ပြီးနေနေတယ်။
ပြီးတော့ "လွမ်းတယ်"လို့ခပ်တိုးတိုးလေးပြောလို့ကျွန်တော်ပြုံးလိုက်မိပြီး"ငါတို့မတွေ့တဲ့နေ့ရှိလို့လား"လို့ပြောတော့သူကကျွန်တော့ကိုဖက်ထားရာကနေခွာပြီးဝမ်းနည်းနေတဲ့မျက်နှာနဲ့ "Beam ကကိုယ်ချစ်သလောက်ကိုယ့်ကိုမချစ်ဘူး"လို့ပြောလို့ကျွန်တော်အံ့သြသွားမိတယ်။
သူဘာလို့ဒီလိုထင်တာပါလိမ့်။သူစာတွေလုပ်ရလွန်းပြီးStress တွေများနေလို့များလား။ကျွန်တော်သူ့နှုတ်ခမ်းကိုဖွဖွလေးနမ်းလိုက်တယ်။
ပြီးတော့သူ့ကို"မဟုတ်တာတွေလျှောက်ထင်မနေနဲ့မင်းလောက်မချစ်ရင်တောင်မင်းထက်တော့မလျော့ဘူး"လို့ပြောပြီး"အဆောင်ပြန်စာကြည့်တော့"လို့ပြောလိုက်တယ်။
YOU ARE READING
Sweet Moment
Fanfiction#ForthBeam Fanfiction ဖြစ်ပါတယ်။ပထမဆုံးစရေးဖူးတဲ့Fic လေးမို့ကိုယ်သဘောကျတဲ့ပုံစံမျိုးလေးရေးထားမိတယ်။အပျော်လေးပေါ့။ #I'm a TaeTee Shipper