Tang Feng တစ်ယောက် ဘာပြောရမှန်း မသိ ဖြစ်သွားရတယ် ။ ခုလိုဖြစ်နေတာကို Su Qi Cheng တစ်ယောက် ကန်းနေလို့ပဲ မမြင်တာလား ၊ ဒါမှမဟုတ် သူပဲ အာရုံဝေဝါးပြီး ထင်ယောင်ထင်မှား မြင်နေမိတာလား ။

" Ha... ကြည့်ရတာ ငါ နိုင်သွားပြီ ထင်တယ် ။ "

Charles ဟာ Su Qi Cheng ကို 137 မှတ်နဲ့ ပြတ်ပြတ်သားသား အနိုင်ယူသွားတယ် ။ အောင်ပွဲခံတဲ့ အနေနဲ့ ကနေလေသေးတယ် ။ အဲ့ဒီနောက်တော့ Lu Tian Chen နဲ့ Su Qi Cheng ကို မချိုမချဉ် မျက်နှာထားနဲ့ ကြည့်ပြီး......

" နိုင်သွားတဲ့သူက ငါဆိုတော့ ကစားပွဲ မစခင် လုပ်ထားတဲ့ စည်းမျဉ်းအရ မင်းတို့ နှစ်ယောက်ဆီက ငါ ကြိုက်တာ တောင်းဆိုလို့ ရပြီနော် ။ "

" Tian Chen နဲ့ ငါ့ကို နမ်းခိုင်းတာကလွဲရင် မင်းကြိုက်တာသာပြော ။ "

Charles ဟာ ဘာမှပြန်မပြောပေမယ့် သူ့အပြုံးထဲမှာ နက်နဲတဲ့ အဓိပ္ပာယ် တစ်ခုရှိနေတာ မြင်သာတယ် ။ အခန်းထဲမှာရှိနေတဲ့ လူတွေရဲ့ လျစ်လျူရူခြင်းကို ခံထားရပြီး ၊ ထောင့်တစ်နေရာမှာ ထိုင်နေတဲ့ Tang Feng ဆီကို တန်းလျှောက်သွားတယ် ။ Tang Feng ရဲ့ခါးကို လက်တစ်ဖက်နဲ့ ဆွဲယူလိုက်ပြီး ၊ ရင်ခွင်ထဲမှာ တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်တယ် ။

" Honey.... ငါ မင်းရဲ့ ကိုယ်သင်းနံ့လေးကို အရမ်းလွမ်းနေတာ ။ "

Charles ဟာ Tang Feng ရဲ့ လည်တိုင်နားဆီမှာ ခေါင်းကိုမှီထားရင်း အသက်ဝဝ တစ်ချက်ရူလိုက်တယ် ။
" ဒီ မနက် ကျွန်တော် သုံးလာတဲ့ ဆပ်ပြာက ခင်ဗျား ရေချိုးခန်းထဲကပဲလေ ။ "

Tang Feng ဆိုလိုချင်တာက လက်ရှိ သူ့ခန္ဓာကိုယ်မှာ စွဲထင်နေတဲ့ ရနံ့က Charles ရဲ့ကိုယ်မှာ ရှိနေတဲ့ ရနံ့နဲ့ ထပ်တူပဲလို့ ပြောချင်တာ ။

သူ့စကားလုံးတွေရဲ့ ချုပ်လုံးအောက်မှာ မနစ်မြောသွားပဲ ချက်ချလက်ကျ ပြန်ပက်လိုက်လို့ Charles ဟက်ဟက်ပက်ပက်ကို ရယ်လိုက်မိတယ် ။ အချိန်ကာလတစ်ခု အတူဖြတ်သန်းပြီးတဲ့နောက် Tang Feng ဟာ Charles ရဲ့ အတွင်းစိတ်ကို ရိပ်ဖမ်းမိလာတယ် ။ Charles ရဲ့စိတ်ဟာ အရိုင်းဆန်ခြင်းနဲ့ နူးညံ့ခြင်း ၊ ဒွန်တွဲနေတယ် ။ အချိန်ကာလအများစုမှာတော့ လူကြီးလူကောင်း ဆန်ဆန် ပြုမူနေတက်ပေမယ့် ၊ ချက်ချင်းဆိုသလို ဖြားယောင်းမြူစွယ်တက်တဲ့ သားစားကျားတစ်ကောင်လို ပြောင်းလဲသွားတက်ပြန်တယ် ။ ကန့်သတ်ထားတဲ့ စည်းဘောင်တစ်ခုကို မကျော်လွန်သွားသ၍ Charles ဟာ သင့်ကို ကောင်းကောင်းမွန်မွန် ပြုမူတုံ့ပြန်မှာပါ ။ အခုလို ခွန်းတုံ့ပြန် ပြန်ပြောပေမယ့်လည်း သင့်ကို စိတ်ဆိုးချင်မှဆိုးလိမ့်မယ် ။ သူ့စိတ်ကို ဖြေဖျော်ပေးတဲ့ အရာတစ်ခုလို ထင်တောင်ထင်သွားနိုင်သေးတယ် ။

" မင်းတို့ ဘယ်လိုထင်လဲ ? ငါ့ အသည်းလေး Tang Feng က ချစ်စရာ အရမ်းမကောင်းနေဘူးလား ? "

လက်တွေက Tang Feng ရဲ့ခါးကို ခပ်တင်းတင်း ဖက်ထားနေပေမယ့် ၊ အကြည့်တွေကတော့ Lu Tian Chen နဲ့ Su Qi Chang ဆီ ရောက်နေတယ် ။ ကြည့်ခံရတဲ့ နှစ်ယောက်လုံးက ခွန်းတုံ့ပြန် ဘာမှမပြောပဲ စိတ်မပါလက်မပါ ပြန်ပြုံးပြတယ် ။ အဲ့ဒီနောက်မှာ Charles ဟာ သူရခဲ့တဲ့အနိုင်အတွက် ဆုလာဘ်ကို အရှေ့မှာ ရှိနေတဲ့ လူနှစ်ယောက်ဆီကနေ ပြတ်ပြတ်သားသား တောင်းဆိုလိုက်တယ် ။

" နောက်အပတ်ထဲ စမယ့် True Star သင်တန်းအတွက် နေရာတစ်နေရာ ချန်ထားပေး ။ ငါ့ရဲ့ အချစ်လေး Tang Feng အဲ့ဒီ သင်တန်းကို တက်လိမ့်မယ် ။ "

...................................

True Star (Myanmar Translation )Where stories live. Discover now