Chapter 2 :ဂျင်းထည့်ခံအနမ်းတပွင့်

Start from the beginning
                                    

"ရူးများသွားတာလားYi Fanရယ် ကိုယ့်ကိုကိုစိတ်ကြီးဝင်တဲ့ရောဂါများရနေတာလား"

လုပ်ပြန်ပြီ။ ကျွန်တော့်ဆိုဖဲ့ဖို့ချည်းပဲအမေက။

"ဒါနင်အရင်ကကျောင်းသွားတဲ့ဒီဇိုင်းလဲမဟုတ်ပါဘူး"
အင်း အမေတို့ကတော့ ပါးချက်။ဒါပေမဲ့ Wu Yi Fanကျွန်တော်ကလဲအမေ့သားပဲလေ။
"တစ်ခါတလေအပြောင်းအလဲလေးဖြစ်အောင်ပါအမေရယ် သြော်ဒါနဲ့ကျွန်တော့်ကို မုန့်ဖိုးပေးဦး"
လက်ဝါးလေးဖြန့်ကာသနားစဖွယ်မျက်နှာလေးနဲ့တောင်းတော့
"ငါဟိုတစ်နေ့ကပဲပေးထားတယ်လေ သားလေးတစ်ယောက်ပဲမွေးထားပါတယ် ခြွေခြွေတာတာကိုမသုံးဘူး"
အမေကလည်းသားလေးတစ်ယောက်တည်းကိုပေါပေါများများမှမပေးတာ

"လုပ်ပါနော်အမေရယ် ကျွန်တော်မရှိတော့လို့ပါ"
နည်းနည်းပါးပါးကပ်ချွဲနှပ်ချွဲလုပ်လိုက်တော့ထုတ်ပေးသည်။ ဒီလိုနဲ့ရိက္ခာလည်းစုံပြီ၊အဆင်သင့်လည်းဖြစ်ပြီဆိုတော့ ချစ်သူလေးနဲ့ချိန်းထားရာပန်းခြံဆီသို့....

ပန်းခြံရောက်တော့သူလေးကအရင်ရောက်နေတယ်။
"ဟိတ် ကောင်မလေး"
ကျွန်တော့်ကိုမြင်တော့ မချင့်မရဲလေးပြုံးပြရှာတယ်။ ရှက်နေတာနေမယ်။
"ဒါနဲ့ကိုယ်တို့ဘယ်ကိုအရင်သွားကြမလဲ"

"ရုပ်ရှင်ရုံ"
ဖြေတော့လည်းတိုးတိုးလေး။
"သွားရအောင်လေ"

"ဟိုဒါနဲ့ ကျွန်မဗိုက်ဆာလို့မနက်စာမစားရသေးဘူး"
အော် ဗိုက်ဆာတာပြောမှာကိုပဲ ရှက်ကိုးရှက်ကန်းနဲ့။ ဒါနဲ့ကော်ဖီဆိုင်တစ်ဆိုင်ဝင် မနက်စာစာပြီးမှ ရုပ်ရှင်ရုံသို့သွားကြသည်။ ကော်ဖီဆိုင်မှာလည်း ကျွန်တော့်ကိုစကားအနည်းအကျဉ်းသာပြောသည်။ မသိရင်အခုမှခင်တဲ့ အသိမိတ်ဆွေလိုလို ဘာလိုလို။ ခေါင်းကြီးလည်းငုံ့ထားလို့ မျက်နှာကိုမဖော်ဘူး။ ရုပ်ရှင်ရုံထဲကျတော့လည်း တိတ်ဆိတ်လို့ ကျွန်တော်ကသာလှည့်လှည့်ကြည့်တာ သူကတော့ရုပ်ရှင်ကိုပဲအာရုံစိုက်နေတယ်။
ရုပ်ရှင်လည်းကြည့်ပြီးတော့ ဟိုနားဒီနားနည်းနည်းလျှောက်သွားတယ်။

သစ်ရွက်ဝါလေးတွေကလည်း လမ်းမထက်မှာပြန့်ကြဲလို့။ လေကလည်းတိုက်နေတာမှနုနုလေး။
လမ်းလေးရဲ့တစ်ဖက်တစ်ချက်မှာတော့ လမ်းမီးတိုင်တွေရယ် ထိုင်ခုံလေးတွေရယ်။ ဒီလောက်ကြည်နူးစရာကောင်းတဲ့နေရာလေးမှာ ကျွန်တော့်ရဲ့ဘေးချစ်သူလေးရှိနေတော့ ခံစားချက်က ဘယ်လိုလည်းဆိုတော့တစ်မျိုးလေး။ ဘယ်လိုမှန်းကိုမသိတဲ့ တစ်မျိုးလေး။ အဲ့အချိန်ကျွန်တော်သူ့လက်ကိုကိုင်လိုက်တော့ သူကိုယ်လေးဆတ်ခနဲတုန်သွားတယ်။ ကျွန်တော်ခပ်ဟခပ်တစ်ချက်ရယ်ရင်း သူ့မျက်နှာကြည့်တော့ မနေ့ကစိတ်ကူးကိုဖြတ်ခနဲ သတိရသွားတယ်။ ဒါနဲ့သူ့ပါးလေးကို ကျွန်တော်ဖြတ်ခနဲ နမ်းလိုက်တယ်။ ခဏလေးပါပဲ။ ပြီးတော့မသိချင်ယောင်ဆောင်နေလိုက်တယ်။ သူ့မျက်နှာလေးနီရဲနေမှာပဲ။ စိတ်ကူးလေးမှမဆုံးသေး သူကျွန်တော့်လက်ကိုဆတ်ခနဲ ဖြုတ်ချသွားတယ်။ ပြီးတော့သူ့ပါးသူကိုင်ပြီး ကျွန်တော့်ကိုစိမ်းစိမ်းကြည့်ပြီး ပြောချလိုက်တာ

"နှာဘူးကောင်"

ဟင် ရုတ်တရက်ကြီးကျွန်တော်ကြောင်သွားတယ်။ သတိဝင်လာတော့သူ့နောက်ကိုလိုက်သွားလိုက်သည်။
"ဘာဖြစ်သွားတာလဲ"

"ဘာဖြစ်သွားတာလဲဟုတ်လား မိန်းကလေးတစ်ယောက်ကိုရှင်ဒီလိုပဲလွယ်လွယ်အခွင့်အရေးယူသလားဟမ်"
ခုနကမပြောရဲမဆိုရဲဖြစ်နေတဲ့ ကောင်မလေးအခုကျတော့အော်လိုက်တာမှပြဲလို့။
"ကိုယ်ဘာအခွင့်အရေးယူလို့လဲ နမ်းမိတာလေးကို"

"ဘာနမ်းမိတာလေးကိုဟုတ်လား ဟွန်း လူယုတ်မာ နှာဘူးကောင် ရှင်နဲ့ကျွန်မပြတ်ပြီ"
သူပြောချင်တာတွေချည်းပြောသွားပြီး ပြတ်ပြီတဲ့။ ပြတ်ပြီဆိုလည်း ပြတ်ပြီပေါ့။ ဘယ်နှယ့် လူကိုပြောသွားတာ နှာဘူးတွေရောလူယုတ်မာတွေရော ရစရာကိုမရှိဘူး။ cool guy imageလည်းပျက် အရှက်လည်းဗြန်းဗြန်းကွဲ။

ဒီကိစ္စကိုပဲကောင်မလေးက fbပေါ်stsတင်လိုက်သေးတယ်။ ရည်းစားဖြစ်တာတစ်မနက်ပဲရှိသေးအသားယူသလေး ဘာလေးနဲ့ သူကနာမည်ထည့်မပြောပေမဲ့ သိတဲ့သူတွေကကျွန်တော်ဆိုတာသိကြတယ်။ အဲ့stsအောက်မှာလည်း ဝင်ဝုန်းထားတာ cmတွေမြင်မကောင်းဘူး။ ကျွန်တော်လည်းလူယုတ်မာကြီးလုံးလုံးကိုဖြစ်လို့။

ဒါဟာဖူးစာဖက်အမှန်မဟုတ်တဲ့သူကို ချစ်စကားပြောပြီး ရည်းစားတော်မိလို့ရလာတဲ့ ဒုက္ခတွေလား။

************************************

AN
😁😁ဟီး ဖတ်ရတာအရမ်းရှည်သွားလားဟင်။
Authorက ရှည်ရှည်လေးရေးရတာကြိုက်လို့ပါ။
ကြယ်လေးတွေနဲ့ cmလေးတွေပေးခဲ့ပါဦးနော်။

90°bow
Love you all.

Soulmate[KrisYeol]Where stories live. Discover now