Ch.10 Lu Tian Chen (Part 1)

Start from the beginning
                                    

Charles ဟာ Tang Feng ကို သီးသန့်စားသောက်ခန်းမထဲ ခေါ်ဆောင်သွားတယ် ။ အဲ့ဒီနေရာမှာ သူတို့နှစ်ယောက်တည်းပဲ ရှိနေတယ် ။ စားပွဲမှာထိုင်လိုက်ပြီး မကြာခင်မှာပဲ စားပွဲထိုးလေးက menu စာအုပ် ယူလာပေးတယ် ။

" မင်း ဘာတွေစားရတာ ကြိုက်လဲ... မှန်းကြည့်ရအောင်.. "

ပုံမှန်လုပ်နေကျ ပုံဟန်နဲ့ပဲ Charles ဟာ menu စာအုပ်ကို လှန်ကြည့်တယ် ။ သူ့လက်ချောင်းတွေက စားပွဲကို အသာအယာ ခေါက်နေတယ် ။ မျက်နှာမှာတော့ ကလေးတစ်ယောက်လို အပြစ်ကင်းတဲ့ အပြုံးကို တပ်ဆင်ထားပြီး ၊ သပ်ရပ်စမတ်ကျတဲ့ လက်ချုပ် အနောက်တိုင်းဝတ်စုံ ဝတ်ဆင်ထားတဲ့ ခန့်ညားတဲ့ ကိုယ်နေဟန်ပန်ကြောင့် Charles ဟာ ဆွဲဆောင်မူရှိပြီး ထည်ဝါလို့နေတယ် ။

စားပွဲထက်က လီမွန်ဖျော်ရည်ကို တစ်ငုံလောက်သောက်ပြီးတော့....

" မင်း ကလီစာတွေ စားရတာတော့ မကြိုက်ဘူးမလား ? "

" ဘယ်လိုလုပ်ပြီး သိတာလ ဲ? "

Tang Feng တော်တော်လေး အံ့သြသွားရတယ် ။ Charles ပြောသလိုပဲ အူတွေ၊ ကလီစာတွေ စားရတာ လုံးဝကို မကြိုက်ဘူး ။ စိတ်ထဲ မသတီသလိုမျိုး ခံစားရလို့ ။

" ဘာလို့လဲ ဆိုတော့...ငါမျက်လုံးတွေက လူတွေရဲ့ နှလုံးသား အထဲထဲထိ လှမ်းဖတ်လို့ရတယ် ။ ဟားဟား.... "

Charles ဟာ ဟင်းပွဲတွေကို ခပ်မြန်မြန်ပဲ မှာလိုက်တယ် ။ စားပွဲထိုးလေးလည်း menu ကိုယူပြီး ပြန်ထွက်သွားတယ် ။

" ကျွန်တော့်ကို ကြည့်ကြည့်တော့ တခြား ဘာတွေကော မြင်သွားသေးလဲ? "

Tang Feng ဟာ ရေထည့်ထားတဲ့ ဖန်ခွက်ကို ပြန်ချလိုက်ပြီး ၊ စားပွဲထက်မှာ လက်ချောင်းတွေကို ညင်သာစွာ ယှက်သွယ်ထားတယ် ။ ပြတင်းပေါက်ကနေ ဝင်ရောက်လာတဲ့ နွေးထွေးတဲ့ နေရောင်ခြည်ဟာ Tang Feng ကို သိမ်မွေ့ပြီး ၊ တိတ်ဆိတ်တဲ့ ခံစားမူ ပေးစွမ်းနေတယ် ။

Charles ဟာ ခန္ဓာကိုယ် အပေါ်ပိုင်းကို နည်းနည်းမတ်အောင် ပြင်ထိုင်လိုက်တယ် ။ အကြည့်တွေကတော့ အရှေ့မှာထိုင်နေတဲ့ လူအပေါ် ကျရောက်နေတယ် ။ နူတ်ခမ်းစွန်းမှာ မထီတထီ အပြုံးတစ်ခုနဲ့ ၊ အရေးမစိုက်တဲ့ လေသံနဲ့ ပြန်ဖြေတယ် ။

True Star (Myanmar Translation )Where stories live. Discover now