"ဂျင်း​လေးရာ !! ငါ သူနဲ့ တွဲဖို့ အမိန့်​​ပေး
ခံရတာပါကွာ ၊ တက္ကသိုလ်​ဝင်းထဲက မိန်းမ
တွေကို ငါ​ကြောက်​တယ်​ ဂျင်း​လေးရ "

ရှားပါးသူငယ်​ချင်းသည်​ ကျွန်​​တော့်​ပါးနှစ်​ဖက်​ကို
လက်​နှစ်​ဖက်​စလုံးနှင့်​ ညှစ်​ကာ သွားဖြီးပြ​နေသည်​ ။

"ပြုံးစမ်းပါ ​ဆော့​လေးရာ ! မ​ကြောက်​ပါနဲ့
မင်းရည်းစားက သာမန်​လူမဟုတ်​ဘူး​လေ
အိုဆယ်​ဟွန်း ကွ "

ကြည့်​ရတာ ကျွန်​​တော်​၏ရှားပါးသူငယ်​ချင်းသည်
အိုဆယ်​ဟွန်း ကိုအထင်​ကြီး​နေပုံရသည်​ ။ ကျွန်​​တော်
က​တော့ အမည်​နာမ ကြားရုံနှင့်​ ​ကျောချမ်းမိသည်​။
သူ ကျွန်​​တော့်​ကို ဟာသလုပ်​ဖို့ ဆယ့်​တ​ယောက်
မြောက်​ရည်းစားဖြစ်​ခိုင်း​နေသည်​ကို ဂျင်း​လေးကလွဲ
လို့တက္ကသိုလ်​ဝင်းထဲက လူအကုန်​သိ​နေသည်​ ။

" ဟာ ​_ဆော့​လေး​ရေ !​​နောက်​မှ
မင်းရဲ့ အို​ဆယ်​ဟွန်း ကြီး ဟ "

ရှားပါးသူငယ်​ချင်းဂျင်း​လေးက သူ့လက်​နှစ်​ဖက်​ကို
အလျင်​အမြန်​ရုတ်​သိမ်းကာ ​အ​နောက်​ကို​မေး​ငေါ့ပြ
လေ​တော့ လှည့်​ကြည့်​မိ၏ ။ အိုဆယ်​ဟွန်း ကိုမြင်
လိုက်​သည့်​တခဏ အသက်​ရှူရပ်​မိပြန်​သည်​ ။
မ​နေ့ကမှ ကျွန်​​တော်​က သူ့အပိုင်​ပါဟု ​ကြေငြာ​မောင်း
ခတ်​ခဲ့​လေ​သော အိုဆယ်​ဟွန်း သည်​ နတ်​သား
တစ်​ပါးလို ကျွန်​​တော့်​ဆီလှမ်းလာ​နေသည်​ ။
အလယ်​ခွဲ ခွဲထားတဲ့​ငွေ​မင်​ရောင်​​ဆံပင်​​တွေသည်​သူနှင့်
မှ အလွန်​လိုက်​ဖက်​သည်​ ။ အဖြူ​ရောင်​ရှပ်​အင်္ကျီဖြူ
သည်​ ရှင်းသန့်​​နေသည်​ ။ ဒူးပြဲဂျင်းအနက်​​ရောင်​နှင့်
သူသည်​ ကြည့်​​ကောင်းလွန်းသည်​ ။ ရိုးရိုးရှင်းရှင်း​လေး
ဝတ်​ထား​သော်​ငြားသည်​ အိုဆယ်​ဟွန်း သည်
အများကြားထဲတွင်​ ထင်း​နေသည်​ ။ အရယ်​အပြုံးမရှိ
သော မျက်​နှာနှင့်​ဖြစ်​လင့်​​သော်​လည်း ၊ခပ်​တင်းတင်း
မျက်​နှာဖြစ်​​နေ​သော်​လည်း မိန်းက​လေးတိုင်း​ငေး
ုကြည့်​​နေရသူဖြစ်​သည်​ ။

Come And Find MeWhere stories live. Discover now