Ch.9 Charles (Part 3)

Start from the beginning
                                    

ဒါဟာ ဘာကြောင့်မို့ လူတချို့ဟာ ထိပ်ဆုံးအဆင့်မှာ ကြာကြာရပ်တည်နိုင်ပြီး ၊ တချို့ကတော့ အောက်ခြေဝန်ထမ်းဘဝကနေ ရှေ့ဆက် မတက်လာနိုင်ခြင်းရဲ့ အဓိက အကြောင်းရင်းထဲက တစ်ခုပဲ ။

" ငါ ဒီမှာ မနက်ပိုင်း အချိန် အလုပ်လုပ်စရာလေးတွေ ရှိတယ် ။ ဟိုနားမှာ magazine တချို့နဲ့ ကွန်ပြူတာ ရှိတယ် ။ တစ်ခုခု လိုချင်တာ ရှိရင် Anna ကို လှမ်းခေါ်လိုက်လို့ ရတယ် ။ မင်း ဒီထဲမှာ စိတ်ကြိုက် ၊ လွတ်လွတ်လပ်လပ် နေနိုင်တယ် ။ "

Charles စားပွဲခုံမှာ ဝင်ထိုင်နေလိုက်တာနဲ့ ၊ Anna ဟာ ကော်ဖီခွက် တစ်ခွက် ချက်ချင်း လာချပေးတယ် ။ သူမဟာ Tang Fang အတွက် ယူလာပေးဖို့ တာဝန်ကိုလည်း မမေ့ပါဘူး ။

မနက်ခင်း တစ်ခုလုံး Charles ဟာ စားပွဲပေါ်မှာ ရှိတဲ့ ဖိုင်တွေ ၊ ကွန်ပြူတာထဲက စာရင်းဇယားတွေနဲ့ အလုပ်များနေတယ် ။ တစ်ခါတစ်ရံ ကော်ဖီကို နည်းနည်းသောက်လိုက်ပြီး ၊ ဆိုဖာပေါ်မှာ ထိုင်ပြီး IPad တစ်လုံးနဲ့ ငြိမ့်နေတဲ့ Tang Fang ကို တစ်ချက်တစ်ချက် လှမ်းကြည့်တယ် ။ စကားဘာတစ်ခွန်းမှ မပြောပဲ ၊ အလုပ်ထဲပဲ အာရုံကို စိတ်နှစ်ထားတယ် ။ Tang Fang ကလည်း အလုပ်ရူပ်နေတဲ့လူကို အလိုက်တသိဘာအနှောက်အယှက်မှ မပေးဘူး ။ Online ပေါ်တက်ပြီး သိချင်တဲ့ သတင်းလေးတွေပဲ ရှာကြည့်နေတယ် ။

ပထမဆုံး ရှာကြည့်မိတဲ့ သတင်းကတော့ Tang Fennes သေဆုံးသွားတဲ့ အကြောင်းကိုပဲ ။ အဲ့ဒီ ရုပ်ရှင်သရုပ်ဆောင်ဟာ လွန်ခဲ့တဲ့လက နှလုံးရောဂါနဲ့ သေဆုံးသွားပြီးတော့ သဂြိုလ်လိုက်ပြီဖြစ်တယ် ။ ကျန်ရစ်တဲ့ သေတမ်းစာအတိုင်း ငွေနဲ့ပိုင်ဆိုင်မူတွေ အားလုံးကို ပရဟိတလုပ်ငန်းတွေဆီ လှူဒါန်းခဲ့တယ် ။ များပြားစွာသော ပရိသတ်များက အစားထိုးမရနိုင်တဲ့ သူ့အနုပညာအတွက် ပူဆွေးနေလေကြတယ် ။

ကိုယ် သေသွားတဲ့ အကြောင်းကို ပြန်ဖတ်ကြည့်ရတာ နည်းနည်းတော့ စိတ်ထဲ တစ်မျိုးဖြစ်ရတယ် ။ ခုလက်ရှိ ပိုင်ဆိုင်ထားတဲ့ ခန္ဓာကိုယ်ကို အသုံးချပြီး ၊ အရင်ဘဝက ပိုင်ဆိုင်ခဲ့တဲ့ အောင်မြင်ကျော်ကြားမူကို ပြန်ရအောင်လုပ်မယ်လို့ စိတ်ကူးမိတော့ Tang Fang စိတ်တွေ ချက်ချင်း တက်ကြွလာတယ် ။

True Star (Myanmar Translation )Where stories live. Discover now