"အေးဟယ်...ဒီလောက် အဖျားတွေတက်နေတာ
ကို မနားပဲ လှည့်နေတာ...""လူက ဖြူတော့ ပိုသိသာတယ်။ မျက်နှာတစ်ခု
လုံးရဲနေတာပဲ...အစက ဒီဆရာဝန်အရက်
သောက်ထားလားဆိုပြီးကျုပ်ကထင်နေသာ""မဟုတ်ရှာပါဘူးဟယ်။ ကျုပ်လက်နဲ့သူ့လက်က
လေးထိသွားတာ ပူခြစ်နေသာရယ်..."အထက်အညာလေသံနဲ့ အားပေးတရရှိလှသော
စကားပြောသံတွေသည် အနောက်မှာရပ်
နေသော ကျတော့်နားစည်လွှာကို တုန်ခါစေ
သည်။သူတို့ ဘယ်သူ့အကြောင်းပြောနေတာလဲ??
ဤဆေးရုံတွင် ဖျားနေသော ဆရာဝန်ဘယ်
်နှစ်ယောက်ရှိသလဲ?? ကျတော်သိတာတော့
သူတစ်ယောက်တည်းသာ..."အဲ့ Dr အခု ဘာဖြစ်သွားလဲဟင်?"
အတင်းမဟုတ်သော သူများအကြောင်းကို
စိတ်လွတ်ကိုယ်လွတ်ပြောနေပြီးမှ ရုတ်တရက်
ဖောက်မေးသော ကျတော့်ကို ပြန်လှည့်ကြည့်
ကြပြီးမှ..."အိမ်ပြန်ပို့လိုက်ရတယ်ကွယ့်...အဆောင်ထဲက
အထွက် မူးလဲလို့ပ""မူးလဲတယ်?"
အမေးသဘောပါ ကျတော့်စကားကိုမတုံ့ပြန်
ခင် အတန်းအလိုက်ရှေ့ကိုတိုးသည်။ ကျတော်
လည်း လိုက်တိုးရင်း လည်ပင်းဆန့်ကြည့်တော့
ဆန်ပြုတ်ထည့်ပေးနေတဲ့ အမနဲ့ နီးနေပြီ။ ရှေ့တွင်
လူဘယ်လောက်မှ မကျန်တော့..."အေးဟယ် အားတွေနည်းနေမှာပေါ့။ သူတို့
ဘာလဲ မဟာ ဆိုလား ဘာလား အဲ့စာမေးပွဲဖြေ
ဖို့လုပ်နေတာနဲ့ စာကျက်ရသယ်တဲ့။ ဆေးရုံ
လည်း နေ့နေ့ညည လာဆင်းနေရတော့...""အဲ့ ဒါပြောသာ ဆရာဝန်တွေလည်းလူတွေပဲ။ သူများသာ ကုရုံနဲ့ မပြီးဘူး။ ကိုယ့်ကိုကိုယ်လည်း
ဂရုစိုက်အုံးမှ...အဲ့ဆရာလေး ဟိုနေ့တွေတည်းက
ဖျားနေသာတဲ့"သေချာနေပါပြီ။ ကျတော်ထပ်မမေးဖြစ်တော့။
တရွေ့ရွေ့ရှေ့တိုးနေသော အတန်းလိုက် အလိုက်
သင့်ရွှေ့ရင်း အစ်မ တစ်ယောက်ထည့်ပေးလိုက်
သော ဆန်ပြုတ်တွေက ခွက်ထဲ အငွေ့တထောင်း
ထောင်း ထနေပေမယ့် ပူတယ်လို့လည်း မခံစား
ရဘူး။"သွားယူပေးတာလား ကလေးရယ် အားနာစရာ။
ဒီကောင်လေးက ငတ်ကိုငတ်တယ်"
![](https://img.wattpad.com/cover/115599636-288-k669094.jpg)
YOU ARE READING
NO
Romance(Zawgyi and Unicode) Trust me,you are my one in millions Romance,Funny, Sweet & Pure BL Cover design by Su Myat Yadanar
အပိုင်း(၁၉)
Start from the beginning