အပိုင်း(၁၈)

Start from the beginning
                                    

ဂါးးးး လိုင်းမတက်ဘူး။ လိုင်းမတက်ဘူး။ ငါလည်း
ပြန်ချေပြမယ်။

သွား Acc Deactivate... လုပ်မနေတော့နဲ့
နိုးနိုး။ ဒါ တွေက အလကားအချိန်ကုန်ငွေကုန်
မယ့် ကိစ္စတွေ။ အားလုံးကို သံယောဇာဉ်ဖြတ်။

               >>>>>NO<<<<<

တော်တော်ကောင်းတဲ့ သူငယ်ချင်းမလေးတွေ။
Accကြီးတစ်ခုလုံးပျောက်သွားတာတောင်အဖတ်
မလုပ်တဲ့ အပြင် သိတောင်မသိတဲ့ စတိုင်နဲ့။
မျက်စိရှေ့မှာ လူကောင်လုံးလိုက်မြင်နေတာပဲ
ဘာအရေးလဲဆိုတဲ့ အထာတွေများ နပန်ကျင်း
ချင်စရာလေးတွေ။ မြင်လေရာ...စိတ်တိုင်းမကျ။
အရာရာ မှုန်မှုန်ဝါးတားတား။
ဆေးရုံဝင်းထဲ ဝင်သည်နဲ့ ဟိုကြည့်ရ ဒီကြည့်ရနဲ့
တူတဲ့ အရိပ်အယောင်လေးတောင်မတွေ့ရဘူး။

တစ်မနက်လုံး။ တစ်နေ့ခင်းလုံး။ တစ်ညနေလုံး။
နေလို့ထိုင်လို့ မကောင်းဘူး။ တနုံ့နုံ့နဲ့...ဒေါသပဲ
ထွက်တာလား? စိတ်ပဲတိုဝင်နေတာလား?
မသိတော့ဘူး။ မဲဖို့ကျတော့လည်း ဒီနေ့ ဖြိုးကြီး
နဲ့ မေလေးက မ လာ။

အိမ်ပြန်လာတဲ့ ညနေခင်းတွင်လည်း မိုးတ
ဖြောက်ဖြောက်ကပျင်းတွဲတွဲကြီးဖြစ်စေသည်။YBSကား၏ ရိုက်ခွဲချင်စရာ ကားမှန်ကြီးကို
ပါးကပ်ရင်း မိုးရေထဲမှ လူတွေကို မျက်လုံးသေနဲ့
ငေးမောနေမိတယ်။
ခုနောက်ပိုင်း သင်တန်းတွေနဲ့ဆေးရုံကို
ိုပြေးနေတာများတော့ အိမ်က ဖေဖေလည်း
အရင်လို ရောက်ရာအရပ်ကို လာမကြို
ပေးတော့... ဘွဲ့ပဲရတော့မှာ ကိုယ့်အားကိုယ်
ကိုးပြီး လိုင်းကားစီးတတ်အောင်စီးဆိုတဲ့ သဘော
နဲ့ ထား,ထားတာ ဖြစ်မည်။ ကားနဲ့ဆက်စပ်ပြီး
အတွေးလည်ရာမှ...
ဟိုနေ့က Broလာတုန်းက HONDA FITအဖြူလေးမောင်းလာတာကို သတိရသွား
ပြန်သည်။ ပုံမှန်ဆို Broက လိုင်းကား
စီးပြီး ဆေးရုံလာတတ်တယ်။ ပြောမယ်ဆိုBro
က ဟိတ်ကြီးဟန်ကြီးတော့ မဖမ်းရှာဘူး။
ထက်ထက်မြတ်မြတ်ရှိပေမယ့် အေးအေး
ဆေးဆေး နေမယ့်ပုံစံ။ မိဘတွေက အဆင်ပြေ
တဲ့ အသိုင်းအဝိုင်းကပေမယ့် ပိုက်ဆံရှိသားသမီး
ပုံစံဝင်အောင် Bro မနေတတ်ဘူး။
ဟိုနေ့တွေက အစ်မတွေပြောနေသံကြားတယ်
Mscဖြေမယ့်လူတွေက စာကျက်ချင်တယ်ဆိုပြီး
အလုပ်ဝင်ခါစ ကလေးတွေကို Night Dutyအစားထိုးဆင်းခိုင်းကြတာများလို့ ဆရာ
ကြီးတောင် ခေါ်သတိပေးရတဲ့ထဲ ကိုခန့်နဲ့
မိုင်းတုံဘက်ကပြောင်းလာတဲ့ နှစ်ယောက်ပဲကျန်
ခဲ့တယ်တဲ့။ သူ Dutyကျရင်လည်း သူ့ဘာသာသူ
ဆင်းပြီး ရရင်ရသလို စာကျက်နေလေ့ရှိတယ်တဲ့။

NO Where stories live. Discover now