အခန်း (၂၇) - ချစ်မေတ္တာဟူသည် (၂)

2.4K 237 234
                                    

Unicode ‼️

👑"ချိုမြိန်ခြင်း"ဟူသော ဝေါဟာရ
မင်းအနားရှိမှ အနှစ်သာရ
ပြည့်ဝတယ် ။

👑"ချိုမြိန်ခြင်း"ဟူသော စကားလုံး
မင်းအပြုံးတို့ကြောင့်
ပိုအသက်ဝင်တယ် ။

👑"ချိုမြိန်ခြင်း" ဟူသော အဓိပ္ပာယ်
မင်းရယ်လိုက်မှ
နှလုံးသားထိ အနက်ရှိုင်းဆုံး
စီးဝင်တယ် ။

•••••••  အချစ်ဦးသည်သာ ••••••••


ဆက်လက်ယှဉ်ပြိုင်ရမည့် အဖွဲ့ ၃ ဖွဲ့ထဲ ပါဝင်ခွင့်ရခဲ့လို့ ပျော်ရွှင်ကြည်နူးနေသည့်စိတ် ၊ အားသွန်ခွန်စိုက် ကစားရင်းဖြင့် ဟိုအတိတ်ဆီကကဲ့သို့ သူနှင့် အတူ Couple Game ပြိုင်ပွဲတွင် ပထမဆု ထပ်မံရချင်မိသည့် စိတ်တို့သည် MC မှ ပထမဆုံးအနေနဲ့စတင် ယှဉ်ပြိုင်ဆော့ကစားရမည့် game ကိုကြေငြာလိုက်သည့်အချိန်တွင် အားတွေလျော့ကာ လက်မှိုင်ချရတော့ မယောင်ဖြစ်ကုန်လေတော့သည်။

ထို Game မှာ ကျွန်မတို့ နှစ်ယောက် ဘယ်လိုမှ ဝင်ရောက်ဆော့ကစားလို့ မရသည့် game ဖြစ်နေလေတော့ ဘာလုပ်လို့ လုပ်ရမှန်း မသိတော့အောင် အကြပ်ရိုက်သွားစေသည်။

ဂျီမင်း ကို လှမ်းကြည့်လိုက်တော့လဲ ဘာမှမတတ်နိုင်တော့သည့်ပုံစံဖြင့် ခေါင်းလေးကုတ်ကာ တွေဝေလျက်သာ။

ထို Game ကစားနည်းမှာ လက်ရှိအခြေအနေအရ ကျွန်မတို့ နှစ်ယောက်ကစားခွင့်မရှိရအောင် စီစဉ်ထားသည့်အလား။

ထိုကဲ့သို့ ကျွန်မတို့ နှစ်ယောက်ကို အံ့သြသင့်စေခဲ့သည့် Game ပုံစံမှာမူကား

ယှဉ်ပြိုင်သူ စုံတွဲက မျက်နှာချင်းဆိုင် အနေအထားဖြင့် လက်ချင်းတွဲထား၍ အသဲပုံ Candy တစ်လုံးကို တဖက်တချက်စီကနေ နှုတ်ခမ်းဖြင့် ပြိုင်တူ ထိငုံရင်း လမ်းတလျှောက်၌ ရှိသော အတားအဆီးကြိုးများကို ငုံ့တန်လျှင်ငုံ့၊ ခွကျော်သင့်လျှင်ကျော်ပြီး ပန်းတိုင်ဆီ အမြန်အရောက်သွားရမည်။

ဤနည်းဖြင့် Candy များကို အခေါက်ခေါက် အခါခါ သယ်သူပို့ဆောင်၍ တစ်မိနစ်အတွင်း Candy အများဆုံးရအောင် သယ်ဆောင်နိုင်သည့် စုံတွဲက အနိုင်ရမည် ဟူသော ထို game သည် တခြားစုံတွေများ အတွက် လွယ်ကောင်း လွယ်နိုင်သော်လည်းကျွန်မတို့နှစ်ဦးအတွက်တော့ အမှန်တကယ် ခက်ခဲစေခဲ့သည်။

အချစ်ဦးသည်သာWhere stories live. Discover now